ဖားကန့် ဌာနေသား အခွင့်အရေးကြိုးပမ်းသူ ဆရာလမောင် လတောင် ကွယ်လွန်

ဖားကန့် ဌာနေသား အခွင့်အရေးကြိုးပမ်းကာကွယ်သူ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Amyusha Zinlum Hpung) ၏ ဥက္ကဋ္ဌ ဆရာ လမောင်လတောင် သည် ယနေ့ မွန်းလွဲပိုင်း ၃ နာရီခန့်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

“သူက ဆီးချိုအရမ်းများတယ်။ ပြီးတော့ သွားနှုတ်ထားတဲ့နေရာမှာ မန်းဖြစ်လာ။ အဲလိုနဲ့ ဆေးရုံးရောက်တော့ ဆုံးသွားတယ်တဲ့။ မိသားစုတွေပြောတာက ကိုဗစ်တော့ မဟုတ်ဘူးတဲ့။” ဟု Amyusha Zinlum Hpung မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

ဆရာလမောင်လတောင်သည် အသက် ၅၆ နှစ်အရွယ်ရှိပြီး ဖားကန့် Amyusha Zinlum Hpung ၏ ဥက္ကဋ္ဌဖြစ်သလို ဖားကန့် ကချင် နှစ်ခြင်းခရစ်ယာန်အသင်းတော်၏ ဆရာတစ်ပါးလည်းဖြစ်သည်။

ဆရာသည် အထူးသဖြင့် ဖားကန့် ဒေသခံဌာနေသားတို့၏ အခွင့်အရေးအတွက် ကြိုးစားဆောင်ရွက်နေသူတစ်ဦး ဖြစ်ပါသည်။

Show More
Back to top button