Covid-19 Reportingစစ်ပြေးဒုက္ခသည်များသတင်း

မိုင်းနား စစ်ရှောင်စခန်းတွင် covid-19 ပိုးတွေ့လူနာ ထပ်တိုး

ဝိုင်းမော်မြို့နယ် မိုင်းနား စ်ရှောင်စခန်း ၂ ခုတွင် ကိုဗစ်ကူးစက်ခံရသည့် စစ်ရှောင်ဦးရေ ၆၀ ဦးအထိ ရှိလာကြောင်း စခန်းတာဝန်ခံများထံမှ သိရသည်။

မိုင်းနား ကတ်သလစ်စစ်ရှောင်စခန်းတွင် ဩဂုတ် ၁၇ ရက် ယနေ့တွင် Covid-19 ပိုးတွေ့လူနာ ၃ ဦး ပြန်လည်စစ်ဆေးတွေ့ရှိခဲ့ကြောင်း စခန်းတာဝန်ခံထံမှ သိရသည်။

 

ဒီမနက်က ၈ ယောက်ပြန်စစ်တဲ့ အခါမှာ ၃ ယောက်မှာပြန်ပြီး ပိုးတွေ့ခဲ့တယ်။ အခုဖျားတဲ့သူတွေက စခန်းအတွင်းမှာဘဲ နေပြီး အနံ့ပျောက်လာတာတွေဖြစ်တယ်ဟု ကတ်သလစ် စစ်ရှောင်စခန်း တာဝန်ခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

 

ြီးခဲ့သော ဇူလိုင်လတွင် မိုင်းနား ကတ်သလစ်စစ်ရှောင်စခန်းတွင် ကိုဗစ် ပိုးတွေ့လူနာ ၆ ဦးရှိခဲ့ပြီး ယနေ့ ၃ ဦးထပ်တွေ့ရာ ၉ ဦးရှိပြီ ဖြစ်သည်။ သို့သော် ယခင် ပိုးတွေ့လူနာ ၆ ဦးမှာ ပျောက်ကင်းသွားပြီ ဖြစ်သည်။

 

ထို့အပြင် အဆိုပါစစ်ရှောင်စခန်းဖြင့် ကပ်လျက်ရှိသော KBC စစ်ရှောင်စခန်းတွင်မူ ပိုးတွေ့လူနာ ၄၉ ဦးအထိ ရှိခဲ့ပြီဟု သိရသည်။

 

စစ်ရှောင်စခန်းများတွင် Covid-19 ကူးစက်ပျံ့နှံ့မှု များပြားလာချိန် အသွားအလာကန့်သတ်ထားမှုကြောင့် စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာခက်ခဲမှုများ ကြုံတွေ့နေရကြောင်း မိုင်းနာ KBC စစ်ရှောင် တာဝန်ခံ တစ်ဦးက ယခုလို ပြောဆိုသည်။

 

ကျနော်တို့ရဲ့ စခန်းက ဇူလိုင်လ ၂၀ ကျော်ကနေ ဘယ်သူမှသွားလာလို့မရအောင် ကန့်သတ်ထားတယ်။ အချိန်ကြာလာတော့ အခက်အခဲတွေက အရမ်းများလာတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ရှောင်တွေက အရင်တုန်းကလို အပြင်ထွက် အလုပ်မလုပ်ရတော့ အသက်ရှုကြပ်လာတာပေါ့။ အသွားအလာ ပိတ်ထားတာလဲ ၃ ပတ်လောက်ရှိနေပြီ။ အဓိကလိုအပ်ချက်ကတော့ စားနပ်ရိက္ခာပါဘဲဟု ပြောဆိုသည်။

 

အဆိုပါ စစ်ရှောင်စခန်း ၂ ခုမှာ ဝိုင်းမော်မြို့နယ်တွင် လူဦးရေအများဆုံး စခန်းများဖြစ်ကြပြီး စခန်းတစ်ခုစီတွင် အိမ်ထောင်စု အနည်းဆုံး ၅၀၀ ကျော်ရှိပြီး လူဦးရေ ၂ ထောင်ကျော်ရှိကြောင်း သိရသည်။

 

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းကူးစက်မှုပြန်လည်ဖြစ်ပေါ်လာသော covid-19 တတိယလှိုင်းတွင် ြစ်ကြီးနားနှင့် ဝိုင်မော်မြို့ပေါ်ရှိ စစ်ရှောင်စခန်းအများစုတွင် ရောဂါကူးစက်ပျံ့နှံ့မှုရှိနေသဖြင့် စားနပ်ရိက္ခာ ထောက်ပံ့မှုများလိုအပ်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button