,

Breaking News :

နောင်းနန် တိုက်နယ် ယာယီအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကောင်စီ တင့်ကား ၂ စီး၊ စစ်ကား ၃၀ ကျော် ၊ ခြေကျင်စစ်သား ၂၀၀ ကျော်ဖြင့် မုံးကိုး ဘက်သို့ ချီတက်လာ

ကုန်ကားအသွင်ဖြင့် စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

စစ်ကောင်စီတပ် မှ လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် တိုက်ခိုက်

မုံးကိုး စစ်ဘေးဒုက္ခသည် ၂၆ ဦး COVID-19 ပိုး ကူးစက်ခံထားရ

တနိုင်း စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

စစ်ကောင်စီလက်အောက် လောက်ကိုင် နယ်ခြားစောင့်တပ်များ ဒေသခံများ၏ လယ်ယာခြံမြေကို ဖျက်ဆီး

တရုန် ရောက် စစ်ကောင်စီတပ်ကို ပစ်ခတ်ခြင်းမပြုရန် KIA ထံ ဒေသခံများမှတဆင့် အကြောင်းကြားခိုင်း

နမ့်ခမ်း COVID -19 ပရဟိတအဖွဲ့ဝင်အချို့ ပိုးကူးစက်ခံထားရ

မြန်မာ နယ်နမိတ်အတွင်းထိ တရုတ်နယ်ကျွံ ခြံခတ်မှုကို ဒေသခံများ ဖျက်စီးပစ်

ပစ်ခတ်ခံရသော စစ်ကောင်စီ သင်္ဘောတစ်စီး ရွှေကူမြို့သို့ ရောက်လာ

ရွှေကူမြို့အဝင်တွင် ပစ်ခတ်ခံရသည့် အာဏာသိမ်းစစ်တပ်၏ စစ်ရိက္ခာသယ်သင်္ဘောတစ်စီး ယနေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်တွင် ရွှေကူမြို့ သင်္ဘောဆိပ်သို့ ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

ကသာမြို့မှ ရွှေကူဘက်သို့ ဆန်တက်လာသောအဆိုပါ စစ်ရိက္ခာသယ် သင်္ဘောတစ်စီးကို ရွှေကူမြို့အဝင် ကျေးရွာတစ်ခုအနီးတွင် ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့  ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။

“ဒီ ရွှေကူမြို့အဝင် ကျေးရွာတစ်ခုမှာ စောင့်ပြီး သွားပစ်တယ်လို့ သိရတယ်။ ပစ်ခတ်တဲ့ သင်္ဘောကို မှန်သွားတယ်လို့ ပြောတယ်။ ဒါပေမယ့် အဲ့သင်္ဘောက အခု ရွှေကူသင်္ဘောဆိပ်မှာ ပြန်ရောက်နေပြီ။ ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရဘူး” ဟု ပြောဆိုသည်။

ပစ်ခတ်ခံရသည့် သင်္ဘောမှာ ပဒိုင်းအမည်ရှိပြီး ဗန်းမော်မြို့ဘက်သို့ ပြန်လည် ထွက်ခွာသွားနိုင်ဖွယ်ရှိကြောင်း အဆိုပါဒေသခံတစ်ဦးက သုံးသပ် ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ကသာမှ ဆန်တက်လာသော စစ်ကောင်စီသင်္ဘောကို KIA က ပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မြစ်ကြောင်းတစ်လျှောက် လက်နက်ကြီး ငယ် ပစ်ကာ ရွှေကူသို့ ရောက်လာခဲ့သည်။

Read Previous

မိုးကောင်းတွင် လူငယ် ၂၀ ဦးခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား

Read Next

တနိုင်းတွင် Covid-19 လက္ခာဖြင့် နေ့စဉ် သေဆုံးသူ ရှိနေ

Leave a Reply

Your email address will not be published. Required fields are marked *