,

Breaking News :

နောင်းနန် တိုက်နယ် ယာယီအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကောင်စီ တင့်ကား ၂ စီး၊ စစ်ကား ၃၀ ကျော် ၊ ခြေကျင်စစ်သား ၂၀၀ ကျော်ဖြင့် မုံးကိုး ဘက်သို့ ချီတက်လာ

ကုန်ကားအသွင်ဖြင့် စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

စစ်ကောင်စီတပ် မှ လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် တိုက်ခိုက်

မုံးကိုး စစ်ဘေးဒုက္ခသည် ၂၆ ဦး COVID-19 ပိုး ကူးစက်ခံထားရ

တနိုင်း စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

စစ်ကောင်စီလက်အောက် လောက်ကိုင် နယ်ခြားစောင့်တပ်များ ဒေသခံများ၏ လယ်ယာခြံမြေကို ဖျက်ဆီး

တရုန် ရောက် စစ်ကောင်စီတပ်ကို ပစ်ခတ်ခြင်းမပြုရန် KIA ထံ ဒေသခံများမှတဆင့် အကြောင်းကြားခိုင်း

နမ့်ခမ်း COVID -19 ပရဟိတအဖွဲ့ဝင်အချို့ ပိုးကူးစက်ခံထားရ

မြန်မာ နယ်နမိတ်အတွင်းထိ တရုတ်နယ်ကျွံ ခြံခတ်မှုကို ဒေသခံများ ဖျက်စီးပစ်

ဝိုင်းမော်ဒေသခံတစ်ဦး ခလရ ၅၈ တပ်ရင်းအနီး ပစ်သတ်ခံထားရ

ဝိုင်းမော် ခလရ ၅၈ တပ်ရင်းအနီးတွင် ယနေ့ နံနက်ပိုင်းက မဒိန့်ဒေသခံတစ်ဦး ပစ်သတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

” မဒိန့်၊ ခကွမ် ဒီအနားတစ်ဝိုက်ကပြည်သူတွေ နောင်းချူးဘက်ကို လယ်လုပ်ကြတာဟုတ်တယ်။ အဲလယ်ဘက်ကိုသွားဖို့ဆိုရင် (၅၈) တပ်ကို ဖြတ်ပြီး သွားရတယ်။ အဲဒါဒီမနက်တော့ (၅၈) နောက်ဘက်နားမှာ သေနတ်ထိမှန်ပြီး သေဆုံးနေတာတွေ့ရတယ်တဲ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

မဒိန့်‌ရွာမှ ဦးလုံဘန်ခေါဇုံး ဆိုသူသေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို  စစ်ကောင်စီ ခလရ (၅၈) တပ်ရင်းနား ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်ကာ ယမန်နေ့ညက ပစ်သတ်ခံရခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

လက်ရှိ အဆိုပါရုပ်အလောင်းအား ဆေးရုံသို့ပို့ဆောင်ထားကာ ဩဂုတ်လ ၂၉ရက်နေ့ သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်ကလည်း ခလရ ၅၈ တပ်ရင်းမှ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ခဲ့သောကြောင့် ဝိုင်းမော်​မြို့နယ်အတွင်းရှိ တန်ဘောင်၊ မဒိန်နှင့် ခကွန်စသော ကျေးရွာများတွင် လက်နက်ကြီးကျမှန်ခဲ့ကာ နေအိမ်အချို့ ပျက်စီးခဲ့သည်။

အလားတူ ယနေ့ နေ့လည်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အသက် (၂၀) အရွယ်ခန့်ရှိသည့် လူငယ်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။

ခလရ (၅၈) တပ်ရင်းတွင် ဇူလိုင်လ ၂၉ ရက်ည ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အဆိုပါစစ်တပ်သည် တိုက်ပွဲမဖြစ်သော်လည်း ပုံမှန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မူများ ပြုလုပ်လျှက်ရှိသည်။

ထို့သို့ ကျေးရွာအတွင်း လက်နက်ကြီးများကျမှန်ခဲ့သောကြောင့် ဒေသခံတစ်ချို့မှာ ဝိုင်းမော်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

ထို့ပြင် ဩဂုတ်လ ၇ရက်ညကလည်း ခလရ (၅၈)တပ်၏ ပစ်ခတ်မူကြောင့် ဝူယန်ကျေးရွာမှ အမျိုးသမီးသေဆုံးခဲ့ကာ ပြည်သူများ၏ နေအိမ်များလည်း ပျက်စီးဆုံးရှုံးမူများရှိခဲ့သည်။

Read Previous

ပူတာအိုမြောက်ဘက်ကျေးရွာချင်းဆက် တံတားများကို ဒေသခံများ ကိုယ်ထူကိုယ်ထ ပြုလုပ်

Read Next

မုံးကိုးဒေသ ရိက္ခာလမ်းကြောင်း ပိတ်ဆို့ခံရတဲ့ ပြဿနာကို MNDAA ဖြေရှင်းပေး

Leave a Reply

Your email address will not be published. Required fields are marked *