,

Breaking News :

မြောင်တွင် စစ်ကောင်စီ နှင့် ပျူစောထီးအဖွဲ့များတိုက်ခိုက်ခံရပြီး ၂ဦး သေဆုံး

အင်းတော်တွင် ကလေးအပါအဝင် အရပ်သား ၁၀ ဦး စစ်ကောင်စီ က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်

KIO စစ်ရှောင်စခန်းတချို့တွင် ဝမ်းပျက်ရောဂါ ခံစားနေရ

ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲ စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ

ဗန်းမော်တွင် ဖမ်းဆီးခံရသည့် ပြည်သူ ၉ ဦးအနက် ၄ ဦးတရားစွဲဆိုခံရ

ကျဆုံး ဒဏ်ရာရသော PDF များကို NUG အစိုးရမှ ကျပ် သုံးသောင်း ထောက်ပံ့ရန် ညွန်ကြားသည့် ထုတ်ပြန်ချက်အတု ပြန့်နှံနေ

မိုးတား‌လေးအနီး စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် မှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေ

ဗန်းမော်တွင် ရဲသား ၂ ဦးပစ်ခံရပြီးနောက် ပြည်သူ ၆ ဦးဖမ်းဆီးခံရ

မူဆယ်မြို့တွင် ၁ ရက်အတွင်း ပိုင်ရှင်မဲ့အလောင်း ၂ လောင်းတွေ့ရှိ

စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဆားလင်းကြီး PDF ရဲဘော် ၂ဦး သတ်ဖြတ်ခံရ

မုံးကိုးမှာ စစ်ဘေးဒုက္ခသည်အသစ် ၇၀၀ ကျော်ထိ တိုးလာ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲရှိ စစ်ကောင်စီ နှင့် ကိုးကန့် MNDAA တို့ကြား တိုက်ပွဲပြင်းထန်မှုကြောင့် နီးစပ်ရာကျေးရွာများမှ မုံးကိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော စစ်ဘေးဒုက္ခသည် ၇၀၀ ကျော်ရှိလာပြီဟု သိရသည်။

မုံးကိုးမြို့အနီး ကျေးရွာပေါင်း ၉ ရွာမှ အိမ်ခြေ ၁၅၀ ကျော်ဖြစ်ပြီး ထိုအထဲ အမျိုးသား ၃၄၀၊ အမျိုးသမီး ၃၆၁ ဦး၊ စုစုပေါင်း ၇၀၄ ဦး ရှိကြောင်း လက်ရှိ စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

“လောလောဆယ်ဆယ် အစား အသောက်တွေ အဓိက လိုနေတယ်။ ဆေးဝါး လည်းလိုတယ်။ စောင်တွေ၊ အခင်းတွေ သူများ လှူထားတာတော့ရှိတယ်။ အရင်ရောက်တဲ့သူတွေကို ဝေ လိုက်တာ ကုန်သွားပြီ။ နောက်ရောက်လာတဲ့ သူတွေ အတွက် မလောက်တော့ဘူး” လို့ ကူညီပေးနေသူ တစ်ဦးက ပြောသည်။

စစ်ဘေးဒုက္ခသည်တွေက မုံးကိုးမြို့နယ်ခွဲ အတွင်းရှိ ကောင်းလုံ၊ နမ့်ဟာ၊ ဝေါ်ချုံး၊ မန်ခွမ်၊ နောင်လျန်၊ မန်မော်၊ ဖျင်ဇီးကြိုင် စတဲ့ရွာတွေက ဖြစ်ပြီး ဩဂုတ်လ ၂၉ ရက်‌နေ့က ထွက်ပြေးလာကြသူများဖြစ်သည်။

မုံးကိုးမြို့ ရပ်ကွက် ၄ ဘုရားကျောင်း၊ လီဆူ ဘုရားကျောင်း၊ ဘုန်းကြီး ကျောင်း နဲ့ ဆွေမျိုးအသိအိမ်များတွင် လာရောက် ခှိုလှုံနေကြရကြောင်း သိရသည်။

ထို့အပြင် ဆက်လက်ပြီး မုံးကိုး လုန်လင်ရွာ၊ ဖျင်ကျိရွာ နဲ့ ရှမှန်ခုံရွာရှိ ပြည်သူများကလည်း စစ်ရှောင်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။

ရှမ်းမြောက် တရုတ်နယ်စပ်တွင် စစ်ကောင်စီနှင့် ကိုးကန့် MNDAA တပ်တို့ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ပြေးဒုက္ခသည်များမှာ နေရာအနှံတွင် ဒုက္ခမျိုးစုံဖြင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

 

Bum Shep

Photo Crd# ZD

Read Previous

အဆုတ်ဝေဒနာရှင်တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား

Read Next

စစ်ကောင်စီ နှင့် MNDAA စစ်ရေးတင်းမာမှုကြောင့် မုံးကိုး နော့ဂူရွာသားများ ထွက်ပြေးရန် နေရာပြင်ဆင်နေရ

Leave a Reply

Your email address will not be published.