,

Breaking News :

နောင်းနန် တိုက်နယ် ယာယီအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကောင်စီ တင့်ကား ၂ စီး၊ စစ်ကား ၃၀ ကျော် ၊ ခြေကျင်စစ်သား ၂၀၀ ကျော်ဖြင့် မုံးကိုး ဘက်သို့ ချီတက်လာ

ကုန်ကားအသွင်ဖြင့် စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

စစ်ကောင်စီတပ် မှ လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် တိုက်ခိုက်

မုံးကိုး စစ်ဘေးဒုက္ခသည် ၂၆ ဦး COVID-19 ပိုး ကူးစက်ခံထားရ

တနိုင်း စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

စစ်ကောင်စီလက်အောက် လောက်ကိုင် နယ်ခြားစောင့်တပ်များ ဒေသခံများ၏ လယ်ယာခြံမြေကို ဖျက်ဆီး

တရုန် ရောက် စစ်ကောင်စီတပ်ကို ပစ်ခတ်ခြင်းမပြုရန် KIA ထံ ဒေသခံများမှတဆင့် အကြောင်းကြားခိုင်း

နမ့်ခမ်း COVID -19 ပရဟိတအဖွဲ့ဝင်အချို့ ပိုးကူးစက်ခံထားရ

မြန်မာ နယ်နမိတ်အတွင်းထိ တရုတ်နယ်ကျွံ ခြံခတ်မှုကို ဒေသခံများ ဖျက်စီးပစ်

တနိုင်း တရုန်တွင် တိုက်ပွဲပြင်းထန်၊ ပြည်သူတစ်ဦးကို စစ်ကောင်စီ ပစ်ခတ်

တရုန်တံတား

တနိုင်း – ရှင်ဗွေယန် လမ်းမပေါ် တရုန်ကျေးရွာတွင် ယနေ့ အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲ ဖြစ်ပွားရာ ပြည်သူတစ်ဦးလည်း စစ်ကောင်စီတပ်၏ သေနတ်ပစ်ခတ်ခံရခြင်းခံရကာ ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် တရုန်ကျေးရွာ တံငါကုန်းရပ်ကွက်မှ အသက် ၄၀ နှစ်ဝန်းကျင်အရွယ် ဒေါ်ဂျာရိန် ၏ ဦးခေါင်ပေါ်တွင် ကျည်ထိမှန်သွားကြောင်း သူက ဆက်ဆိုသည်။

“သူတို့က တိုက်ပွဲဖြစ်လာလို့ ထွက်ပြေးတယ်။ သူတို့ရဲ့ကိုယ်ပိုင်ကားနဲ့ မိသားစုလိုက်ထွက်ပြေးတယ်လို့ ပြောတယ်။ အဲ့ဒါကို စစ်သားတွေက ရပ်ခိုင်းတာမရပ်လို့ သေနတ်နဲ့ပစ်လိုက်တာတဲ့။ ကားကို ထိပြီး ကားထဲက အမျိုးသမီးရဲ့ ဦးခေါင်း မှန်သွားတယ်တဲ့။ သေတော့မသေဘူး။ သွေးတအားထွက်တယ်လို့ကြားတယ်” ဟု ပြောဆိုသည်။

ယနေ့ မွန်းလွှဲ ၂ နာရီခန့်ဝန်းကျင်မှ လက်ရှိအချိန်ထိ နှစ်ဖက် လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဆက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု တရုန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“တိုက်ပွဲက ရွာအတွင်းမှာ တင်ဖြစ်နေတယ်။ စစ်တပ်ဘက်က တရုန်ကျေးရွာထဲကို လက်နက်ကြီးတွေ ပစ်ထည့်နေတယ်။ ရွာအတွင်းမှာ လက်နက်သံတွေဘဲ။ ၁၀ မိနစ်လောက်ခြားတစ်ပြီး တစ်ခါပစ် ပစ်နေကြတယ်။ ရွာထဲမှာ လူတွေလည်းမရှိတော့ အားလုံးထွက်ပြေးကုန်ကြပြီ။” ဟု ပြောဆိုသည်။

ယနေ့ညနေ ၆နာရီခွဲဝန်းကျင်ခန့်အချိန်တွင် ဒိုင်ဖာကျေးရွာမှ စစ်ကောင်စီတပ်များ အလုံးအရင်းဖြင့် တရုန်ကျေးရွာသို့ ရောက်လာခဲ့ပြီး တပ်စွဲနေရာယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

တရုန်ကျေးရွာဒေသခံပြည်သူများ ၂၀၀ ဝန်းကျင်ခန့်မှာ တခက်ကျေးရွာနှင့် ရှင်ဗွေယန်မြို့ဘက်သို့ ထွက်ပြေးနေပြီဟု သိရသည်။

ယနေ့ညနေပိုင်း တရုန်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲလာသည့် စစ်ကောင်စီတပ်များမှာ ပြီးခဲ့ စက်တင်ဘာလ ၈ရက်နေ့ တနိုင်းမြို့ ဘက်က တရုန်ဘက်သို့တက်လာသော​ စစ်ကြောင်း ဖြစ်သည်။

တရုန်တွင် ယခင်က စစ်ကောင်စီတပ်တစ်ခုရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် မြို့ပြ ဆန္ဒပြပွဲများကို ထိန်းချုပ်ရန်ဟုဆိုကာ တနိုင်းဘက်သို့ သွားရောက်ပူးပေါင်းသွားသည်ဟု ဒေသခံတစ်ချို့ထံမှ သိရသည်။

Read Previous

စစ်ကောင်စီ ရိက္ခာသယ် ကားတစ်စီး ဖောက်ခွဲ ဖျက်ဆီးခံရ

Read Next

တရုန်ရောက် အာဏာသိမ်းတပ်ဖွဲ့အချို့ တခက်သို့ ဆက်လက်ချီတက်လာ

Leave a Reply

Your email address will not be published. Required fields are marked *