သတင်း

တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ရက်ပြည့်သော်လည်း မလွတ်မြောက်သေး

တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသော မြန်မာအကျဉ်းသားများ ချုပ်ရက်ပြည့်သော်လည်း ကိုဗစ်ကာလ ထောင်လွဲပြောင်းနိုင်ခြင်းမရှိသဖြင့် ရပ်တိုးထောင်ချခံနေရကြောင်း သိရသည်။

“နှစ်ပြည့်နေပေမယ့် မလွှတ်ပေးဘူး။ ဘာအပြစ်မှ ထပ်မလုပ်၊ မကျူးလွန်ပဲနဲ့ ရက်တွေ ထပ်တိုးပြီး မြန်မာပြည် ပြန်မလွှဲပေးတဲ့ အကျဥ်းသားတွေ မန်ရှီထောင်မှာ ရှိတယ်” ဟု မန်ရှီထောင်မှ အသိတစ်ယောက် ထောင်ထဲကနေ ဖုန်းဆက်လာကြောင်း ရင်ကျန်းရောက် မြန်မာရွှေ့ ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

အဆိုပါထောင်တွင်းမိတ်ဆွေဖြင့် ၅ မိနစ်ခန့်သာ ဖုန်းပြောခွင့်ရသောကြောင့် လက်ရှိ မန်ရှီအကျဉ်းထောင်တွင် ဖမ်းဆီးခံနေရသော မြန်မာနိုင်ငံသားလူဦးရေ မည်မျှရှိသည်ကို မသိရကြောင်း သူက ဆိုသည်။

အပြစ် ထပ်မံ ကျူးလွန်မှု မရှိပဲ ထောင်သက်တမ်းတိုးခံနေရတာကြောင့် ရက်ပြည့်သူတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ပြန်လွှတ်ပေးဖို့ အကူအညီတောင်းဆိုလိုကြောင်း သူက ဆက်ပြောသည်။

“အဓိကတော့ ရက်ပြည့်သူတွေ ပြန်လွှတ်စေချင်ကြတာ။ အပြစ်ထပ် မကျူးလွန်ပဲ အကြောင်းမဲ့ ထောင်သက်တမ်းတိုးတာ အဓိကပေါ့။” ဟု သူက ပြောသည်။

ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေးကူညီမှုအသင်း (ရွှေလီ) ဥက္ကဋ္ဌ ကိုချမ်းမြေ့ က “ဟုတ် ဒီရွှေလီထောင်လွှဲတွေက မလွှဲပေးသေးဘူး။ ဒီနည်းနည်းလေး ကိုဗစ် နည်းနည်း ငြိမ်ရင်လွှဲပေးမယ်။ ရက်တိုးပြီး ထောင်မှာပဲ ထားထားရတယ်။” လို့ ပြောသည်။

တရုတ်ဘက်က ထောင်လွှဲပေးမည်ဆိုပါက အမြဲလက်ခံကြောင်း မူဆယ် တရုတ်ထောင်လွှဲတာဝန်ခံ ဦးမန်းမျိုးမြင့်ကလည်း ပြောပါသည်။

ယခုနှစ် ဇွန်လ ၂၅ ရက်နေ့က တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ်၊ ကွေ့ကျိုးပြည်နယ်၊ အမ်းဟွေးပြည်နယ်၊ စန်းတုံးပြည်နယ်၊ ကျိလင်ပြည်နယ်၊ ကွမ်းရှီးပြည်နယ်၊ ကျန်းစူးပြည်နယ် စသည့်နေရာများရှိ အကျဉ်းထောင်မှ မြန်မာပြည်သား အမျိုးသမီး ၅၅ ဦး၊ အမျိုးသား ၆၃ ဦး၊ စုစုပေါင်း ၁၁၈ ဦးကို နောက်ဆုံးလွှဲပြောင်းပေးခဲ့ပြီးနောက် COVID-19 ရောဂါ ကြောင်းပြချက်နဲ့ တရုတ်ဘက်က အကျဉ်းသား လွှဲပြောင်းမှုကို ရက်အကန့်အသတ် မရှိ ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Bum Shep

Show More

Related Articles

Back to top button