,

Breaking News :

နောင်းနန် တိုက်နယ် ယာယီအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကောင်စီ တင့်ကား ၂ စီး၊ စစ်ကား ၃၀ ကျော် ၊ ခြေကျင်စစ်သား ၂၀၀ ကျော်ဖြင့် မုံးကိုး ဘက်သို့ ချီတက်လာ

ကုန်ကားအသွင်ဖြင့် စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

စစ်ကောင်စီတပ် မှ လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် တိုက်ခိုက်

မုံးကိုး စစ်ဘေးဒုက္ခသည် ၂၆ ဦး COVID-19 ပိုး ကူးစက်ခံထားရ

တနိုင်း စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

စစ်ကောင်စီလက်အောက် လောက်ကိုင် နယ်ခြားစောင့်တပ်များ ဒေသခံများ၏ လယ်ယာခြံမြေကို ဖျက်ဆီး

တရုန် ရောက် စစ်ကောင်စီတပ်ကို ပစ်ခတ်ခြင်းမပြုရန် KIA ထံ ဒေသခံများမှတဆင့် အကြောင်းကြားခိုင်း

နမ့်ခမ်း COVID -19 ပရဟိတအဖွဲ့ဝင်အချို့ ပိုးကူးစက်ခံထားရ

မြန်မာ နယ်နမိတ်အတွင်းထိ တရုတ်နယ်ကျွံ ခြံခတ်မှုကို ဒေသခံများ ဖျက်စီးပစ်

ပူတာအိုဒေသတွင် စပါးဖျက်နှံကောင်များကို နှိမ်နင်းမည့် နည်းလမ်း အကူညီလိုအပ်နေ

ကချင်ပြည်နယ် ပူတာအို ဒေသတွင် စပါးဖျက် နှံကောင်ကျရောက်ပြီး ဒေသခံ ပြည်သူများ၏ တောင်ယာစပါးဧကအများစု ဖျက်ဆီးခံရသောကြောင့် ကာကွယ်နှိမ်နင်းရန် နည်းလမ်းအကူညီလိုအပ်နေသည်ဟု သိရသည်။

အထူးသဖြင့် ပူတာအိုမြို့နယ်နှင့် ဆွမ်ပရာဘွမ်မြို့နယ်တစ်လျှောက် တောင်ယာများတွင် ဖြစ်ပေါ်နေခြင်းဖြစ်ကာ ပြီးခဲ့သည့် ဩဂုတ်လမှစတင်ကာ စပါးဖျက်အကောင် ပိုမိုများလာသည်ဟု လုံရှာယန်ဒေသခံတစ်ဦးက KNG ကို ပြောသည်။

“ရာသီဥတုကြောင့်နဲ့ မိုးကြောင့် ပြောရမလား၊ နဂိုကတည်းက စပါး အထွက်မကောင်းတဲ့ကြား ဒီစပါး ဖျက်နှံကောင်က အရမ်းများလာပြီး အကုန်ဖျက်ဆီးပေးလိုက်တာ ဟုတ်တယ်။ တချို့တောင်ယာဆို စပါးတစ် တင်းခွဲ အဲလောက်ပဲရတယ်။ အရင်တစ်ခါမှမဖြစ်ဖူးဘူး။ စပါးဖျက်နှံကောင်တွေ အများကြီးပဲ။ ကျနော်တို့ ရိုက်သတ်နိုင်တာက နည်းနည်းပဲ။” ဟု ပူတာအို လုံရှာယန် ဒေသခံတစ်ဦးပြောသည်။

လုံရှာယန်တွင် အိမ်ထောင်စုအားဖြင့် ၉၂ စုရှိပြီး ၎င်းတို့မှာ တောင်ယာ နှင့် လယ်ယာခင်းကိုသာ မှီခိုနေရသောကြောင့် လက်ရှိတောင်ယာမှ ပိုးများ လယ်ယာကို ကူးစက်မည်ကိုလည်း ထပ်မံ ပူပန်နေရသည်ဟု ဆိုသည်။

ထို့ကြောင့် စိုက်ပျိုးရေးကိုသာ အားကိုးပြီး အသက်မွေးဝမ်းကြောင်းပြုနေရသော ပူတာအို လုံရှာယန်ပြည်သူများသည် ယခုလိုအဖြစ်အပျက်ကြုံတွေ့ပြီးနောက် နောက်ဆက်တွဲ စိုက်ပျိုးရေး လုပ်ငန်းဖြင့်ဆက်လက်ရပ်တည်မည့်အရေး တွေးပူနေကြသည်ဟု သိရသည်။

“အရင်မဖြစ်ဖူးတာဆိုတော့ စိုက်ပျိုးရေးလုပ်လို့ မရတော့မှာ အရမ်းစိုးရိမ်တယ်။ ပြီးတော့ တောင်းဆိုချင်တာတစ်ခုက ဒီစပါးဖျက်နှံကောင်တွေကို ဘယ်လိုကာကွယ်နှိမ်နင်းနိုင်သလဲပေါ့။ ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့နည်းလမ်းတော့ လိုအပ်လာလိမ့်မယ်။ ပိုးသတ်ဆေးပဲသုံးရင်လည်း မဖြစ်ဘူး။” ဟု လုံရှာယန် ဒေသခံတစ်ဦး ပြောသည်။

မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းနှင့် အင်ဂျန်ယန် စသည့်ဒေသများတွင် ယခုနှစ်မှစတင်ကာ စပါးဖျက်ပိုးကောင်၊ နှံကောင်နဲ့ ကြွက် အလွန်များပြားလာပြီး ဒေသခံပြည်သူများ၏ စပါးခင်း၊  တောင်ယာများကို ဖျက်ဆီးနေခြင်းဖြစ်သည်။

Read Previous

ဖမ်းဆီးခံထားရသည့် KNC ပါတီဥက္ကဋ္ဌအား ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ အကျဉ်းထောင်ပို့

Read Next

တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ရက်ပြည့်သော်လည်း မလွတ်မြောက်သေး

Leave a Reply

Your email address will not be published. Required fields are marked *