,

Breaking News :

မြောင်တွင် စစ်ကောင်စီ နှင့် ပျူစောထီးအဖွဲ့များတိုက်ခိုက်ခံရပြီး ၂ဦး သေဆုံး

အင်းတော်တွင် ကလေးအပါအဝင် အရပ်သား ၁၀ ဦး စစ်ကောင်စီ က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်

KIO စစ်ရှောင်စခန်းတချို့တွင် ဝမ်းပျက်ရောဂါ ခံစားနေရ

ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲ စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ

ဗန်းမော်တွင် ဖမ်းဆီးခံရသည့် ပြည်သူ ၉ ဦးအနက် ၄ ဦးတရားစွဲဆိုခံရ

ကျဆုံး ဒဏ်ရာရသော PDF များကို NUG အစိုးရမှ ကျပ် သုံးသောင်း ထောက်ပံ့ရန် ညွန်ကြားသည့် ထုတ်ပြန်ချက်အတု ပြန့်နှံနေ

မိုးတား‌လေးအနီး စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် မှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေ

ဗန်းမော်တွင် ရဲသား ၂ ဦးပစ်ခံရပြီးနောက် ပြည်သူ ၆ ဦးဖမ်းဆီးခံရ

မူဆယ်မြို့တွင် ၁ ရက်အတွင်း ပိုင်ရှင်မဲ့အလောင်း ၂ လောင်းတွေ့ရှိ

စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဆားလင်းကြီး PDF ရဲဘော် ၂ဦး သတ်ဖြတ်ခံရ

စစ်ကောင်စီ ရိက္ခာသယ် ချောဆွဲကား ဗုံးဖောက်ခွဲခံရမှုတွင် သေဆုံးသူယာဉ်မောင်းမှာ နမ့်ဖတ်ကာ မှ ဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်တောင်းနဲ့ ကြူကုတ် (ပန်ဆိုင်း) ကြား လုံခန်ရွာနား အကွေ့မှာ စစ်ကောင်စီရဲ့ ရိက္ခာတင်လာတဲ့ အရပ်သားကားတစ်စီး စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ခွဲခန့်က ပစ်ခတ်ခံရမှုတွင် သေဆုံးသွားသော ကားသမားမှာ နမ့်ဖတ်ကာကျေးရွာမှ ဖြစ်သည်ဟု သိရသည်။

“ယမန်နေ့ ညနေပိုင်းက ၁၀၅ မိုင်-ပန်ဆိုင်းလမ်းရှိ လုံခန်ရွာအကျော်၊ နမ့်တောင်းရွာအနီး သေဆုံးသွားတဲ့ရပ်ကွက်( ၄)၊ နမ့်ဖတ်ကာမှ ယာဥ်မောင်း ဦးအိုက်လျန်(၄၃)နှစ်၊ တအာင်း(ပလောင်) တိုင်းရင်းသားလူမျိုးရဲ့ ရုပ်အလောင်းကို ယနေ့မနက်ပိုင်းတွင် ဂရုဏာလူမှုကူညီရေး အသင်း(မူဆယ်)နှင့် အတူ မိမိတို့အသင်းမှသွား ရောက်သယ်ဆောင်ခဲ့ပါတယ်။  ရုပ်အလောင်းအား ယနေ့ နေ့လည်ပိုင်း တွင် နမ့်ဖတ်ကာလူမျိုးပေါင်းစုံသုဿာန်မှာ မီးသင်္ဂြုလ်ပေးခဲ့ပါတယ်။” ဟု လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကားမှာ ချောဆွဲခံရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးက ဆိုသည်။

ကားတွင်ပါလာသော ဆန်အိတ်ရိက္ခာများမှာ မုံးကိုးနှင့်ဖောင်းဆိုင်ဘက်တွင်ရှိနေသော စစ်ကောင်စီတပ်အတွက်ဖြစ်သည်ဟု သိရပြီး ၎င်းတို့ကို ကိုးကန့် MNDAA က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ယာဉ်မောင်းလည်း သေဆုံးသွားခြင်း ဖြစ်သည်။

ရှမ်းမြောက် တရုတ်နယ်စပ်တစ်လျှောက်တွင် စစ်ကောင်စီနှင့် ကိုးကန့် MNDAA တပ်တို့ကြား ပုံမှန် စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟု သိရသည်။

Bum Shep

Photo Crd# လူမှုညီရေးအသင်း

Read Previous

မန္တလေးမှ စစ်အင်အားအပြည့်တင်ဆောင်လာသည့် သင်္ဘော ရွှေကူမြို့အဝင်နား ပစ်ခံရ

Read Next

မြန်မာ နယ်နမိတ်အတွင်းထိ တရုတ်နယ်ကျွံ ခြံခတ်မှုကို ဒေသခံများ ဖျက်စီးပစ်

Leave a Reply

Your email address will not be published.