သတင်း

ဖမ်းဆီးခံထားရသည့် KNC ပါတီဥက္ကဋ္ဌအား ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ အကျဉ်းထောင်ပို့

ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကချင်အမျိုးသားကွန်ဂရက် ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ကောန်လအား ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ စက်တင်ဘာလ ၁ ရက်နေ့တွင် နေပြည်တော်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

“ဖမ်းဆီးခံရတာ (၂) ပတ်ရှိပြီဆိုတော့ ဒီနေ့(သောကြာ) ရုံးထုတ်စစ်ဆေးမယ်လို့ကြားတယ်။ ဒါပေမယ့် ရုံးထုတ်စစ်ဆေးတာတွေ မရှိဘဲနဲ့ တစ်ခါတည်း နေပြည်တော် အကျဉ်းထောင်ကို ပို့လိုက်ပြီလို့ သိရတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ကချင်တိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် ကချင်အမျိုးသားကွန်ကရက်ပါတီဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လသည် ဩဂုတ်လ ၂၅ ရက်နေ့၊ မွန်းလွဲ ၃ နာရီခန့် နေပြည်တော်တွင် ဖမ်းဆီးခဲ့ပြီးနောက် ဇမ္ဗူသီရိမြို့နယ် ရဲစခန်းတွင် ချုပ်နှောင်ခြင်း ခံနေရခြင်း ဖြစ်သည်။

ထိုသို့ ၂ ပတ်ကြာ ရဲစခန်းတွင် ချုပ်နှောင်ထားပြီးနောက် ယနေ့ စက်တင်ဘာလ (၁၀)ရက်နေ့တွင် နေပြည်တော်အကျဉ်းထောင်သို့ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

“ကျနော်တို့သိရတာတော့ ထောင်မှာ ရမန် (၂) ပတ်ယူပြီးမှဘဲ ရုံးထုတ်မယ်လို့သိရတယ်တစ်ခြားဘာမှ မသိရသေးဘူး”ဟု နီးစပ်သူက ပြောသည်။

KNC ပါတီသည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားသော ရွေးကောက်ပွဲကော်မရှင်၏ အစည်းအဝေးဖိတ်ခေါ်မှုများကိုလည်း တက်ရောက်ရန် ငြင်ဆန်ထားသောပါတီတစ်ခုဖြစ်ပြီး Kachin People’s Political Front-KPPF ကို ဖွဲ့စည်းမှုတွင် ပါဝင်နေသည့်အပြင် ကချင်စတိတ်ဆိုင်ရာ မူဝါဒဆိုင်ရာများကို ထုတ်ပြန်နေသောအဖွဲ့ဖြစ်သည်။

Show More

Related Articles

Back to top button