,

Breaking News :

KIO စစ်ရှောင်စခန်းတချို့တွင် ဝမ်းပျက်ရောဂါ ခံစားနေရ

ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲ စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ

ဗန်းမော်တွင် ဖမ်းဆီးခံရသည့် ပြည်သူ ၉ ဦးအနက် ၄ ဦးတရားစွဲဆိုခံရ

ကျဆုံး ဒဏ်ရာရသော PDF များကို NUG အစိုးရမှ ကျပ် သုံးသောင်း ထောက်ပံ့ရန် ညွန်ကြားသည့် ထုတ်ပြန်ချက် ပြန့်နှံနေ

မိုးတား‌လေးအနီး စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် မှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေ

ဗန်းမော်တွင် ရဲသား ၂ ဦးပစ်ခံရပြီးနောက် ပြည်သူ ၆ ဦးဖမ်းဆီးခံရ

မူဆယ်မြို့တွင် ၁ ရက်အတွင်း ပိုင်ရှင်မဲ့အလောင်း ၂ လောင်းတွေ့ရှိ

စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဆားလင်းကြီး PDF ရဲဘော် ၂ဦး သတ်ဖြတ်ခံရ

ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ နေအိမ် ချိတ်ပိတ်ခံရ

ကသာမြို့နယ် တွင် PDF ပူးပေါင်းတပ်ဖွဲ့များ ကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

နောင်းနန် တိုက်နယ် ယာယီအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

မြစ်ကြီးနားမြို့ နောင်းနန် တိုက်နယ် ယာယီအုပ်ချုပ်ရေးမှူး ဦးလှမြင့် ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

ဦးလှမြင့် ယနေ့ နံနက် အုပ်ချုပ်ရေးရုံးမှအပြန် သူ၏ နေအိမ်အဝင်ပေါက်တွင် လူ ၂ဦးက သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်ဟု နီးစပ်ရာ ပြည်သူတစ်ဦးထံမှ သိရသည်။

“နယ်ထိန်းရဲကိုမေးကြည့်တော့ ရုံးကအပြန် အိမ်အဝင်ဝမှာ ပစ်သတ်ခံရတယ်လို့ပြောတယ်။ လူ ၂ယောက်က ဆိုင်ကယ်နဲ့လိုက်လာပြီး နောက်ကနေ ပစ်သွားတယ်လို့ကြားတယ်။ သေနတ်ဒဏ်ရာက ၂ ချက်မှန်သွားတယ်လို့ပြောတယ်”ဟု ပြောဆိုသည်။

အခင်းဖြစ်ပွားခဲ့သည့် နေရာတွင် ဦးလှမြင့်အပြင် သူ၏ သားဖြစ်သူလည်း ပစ်ခတ်ခံရသည်ဟု သိရသည်။ သို့သော် သားဖြစ်သူမှာ လက်တစ်ဖက်တွင် ထိခိုက်ဒဏ်ရာသာ ရရှိထားကြောင်း သူက ဆက်ဆိုထားသည်။

ယာယီအုပ်ချုပ်ရေးမှူး ဦးလှမြင့်သည် လက်ရှိ နောင်းနန်တိုက်နယ် အုပ်ချုပ်ရေးရုံးတွင် စစ်ကောင်စီက အုပ်ချုပ်ရေးမှူးအဖြစ် တရားဝင်ခန့်အပ်ခြင်းမရှိသေးသော်လည်း သူ၏ စိတ်ဆန္ဒအရ လိုက်ပါ ဆောင်ရွက်ပေးနေသူသာ ဖြစ်ကြောင်း သိရသည်။

ဦးလှမြင့်သည့် အသက် ၆၇နှစ်အရွယ်ရှိသူဖြစ်ပြီး စစ်တပ်ထွက်တစ်ဦး​ ဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် နောင်းနန် တိုက်နယ် အုပ်ချုပ်ရေးရုံးတွင် တရားဝင်ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးက တာဝန်မှ ရပ်နားခဲ့သည်။

Read Previous

စစ်ကောင်စီ တင့်ကား ၂ စီး၊ စစ်ကား ၃၀ ကျော် ၊ ခြေကျင်စစ်သား ၂၀၀ ကျော်ဖြင့် မုံးကိုး ဘက်သို့ ချီတက်လာ

Read Next

အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို နေရာ ၃ ခုတွင် MNDAA တိုက်ခိုက်

Leave a Reply

Your email address will not be published.