,

Breaking News :

KIO စစ်ရှောင်စခန်းတချို့တွင် ဝမ်းပျက်ရောဂါ ခံစားနေရ

ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲ စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ

ဗန်းမော်တွင် ဖမ်းဆီးခံရသည့် ပြည်သူ ၉ ဦးအနက် ၄ ဦးတရားစွဲဆိုခံရ

ကျဆုံး ဒဏ်ရာရသော PDF များကို NUG အစိုးရမှ ကျပ် သုံးသောင်း ထောက်ပံ့ရန် ညွန်ကြားသည့် ထုတ်ပြန်ချက် ပြန့်နှံနေ

မိုးတား‌လေးအနီး စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် မှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေ

ဗန်းမော်တွင် ရဲသား ၂ ဦးပစ်ခံရပြီးနောက် ပြည်သူ ၆ ဦးဖမ်းဆီးခံရ

မူဆယ်မြို့တွင် ၁ ရက်အတွင်း ပိုင်ရှင်မဲ့အလောင်း ၂ လောင်းတွေ့ရှိ

စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဆားလင်းကြီး PDF ရဲဘော် ၂ဦး သတ်ဖြတ်ခံရ

ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ နေအိမ် ချိတ်ပိတ်ခံရ

ကသာမြို့နယ် တွင် PDF ပူးပေါင်းတပ်ဖွဲ့များ ကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

ကျေးရွာနဲ့ ဘုရားကျောင်းမကျန် စစ်ကောင်စီတပ် နေရာယူ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ နော့်ဂူကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က ရွာထဲစခန်းချပြီး ပစ်ခတ်မှု ပြုလုပ်တဲ့အပြင် ဘာသာရေး ဘုရားကျောင်းဝင်းမကျန် နေရာယူလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စက်တင်ဘာ ၂၃ ရက်နေ့ကစ လက်ရှိထိ နေနေတာ။ ဘယ်အချိန်ထိ နေမှာလဲ မသိဘူး။” လို့ နော့်ဂူ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က နေ့စဉ်နီးပါး ရွာထဲကနေ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်နေတာတွေရှိနေပြီး အိမ်ထောင်စု ၅၀ ကျော်ရှိတဲ့ထဲက ရွာခံ အများစုက တရုတ်နယ်စပ် ပါထန်းဘက်မှာ ဝါးတဲဆောက်ကာ ထွက်ပြေးခိုလှုံ နေရတာဖြစ်ပါတယ်။

လက်ရှိခိုလှုံနေကြရတဲ့ ယာယီ စစ်ရှောင်နေရာမှာတော့ အမိုးအကာနဲ့ ညအလင်းရရှိရန် လျှပ်စစ်မီး လိုအပ်နေပါတယ်။

မုံးကိုးဘက် စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာ ၂၆ ရက်နေ့ ညနေ ၃ နာရီခန့်က ပန်ဆိုင်း ဖိုင်ကောင်းဘက် ပြန်ဆင်းလာပြီး ကျေးရွာအတွင်း အပြည့် တပ်ချနေကြောင်း ပန်ဆိုင်းဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ရှမ်းမြောက်တွင် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား မကြာခဏ တိုက်ပွဲ ဖြစ်နေတာကြောင့် ‌ဩဂုတ်လ ၃၀ ရက်နေ့ကစ လက်ရှိထိ ဒေသခံအများအပြား ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရပါတယ်။

Read Previous

ပင်လည်ဘူးမြို့၊ ကောလင်းမြို့၊ ဝန်းသို မြို့နယ် (၃) ‌ခု အင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများ ထပ်မံဖြတ်တောက်ခံရ

Read Next

အာဏာသိမ်း စစ်ခေါင်းဆောင် ပူတာအို ပြန်လာမည်ဟု သတင်းထွက်ပေါ်နေ

Leave a Reply

Your email address will not be published.