,

Breaking News :

ပန်ဆိုင်း (ကြူကုတ်) တိုက်ပွဲမှာ အရပ်သား ပြည်သူ ၃ ဦး သေဆုံး

မြစ်ကြီးနားအခြေစိုက် သတင်းထောက်အားလုံး လွတ်မြောက်

နောင်မွန်မြို့မှ ဖမ်းဆီးခံရသည့် ဆရာတော် ၃ ဦး ပြန်လည် လွတ်မြောက်လာ

မြစ်ကြီးနား KBZ ဘဏ်ရှေ့ ဗုံးပေါက်ကွဲမှု ဗီဒီရိုက်ကူးခဲ့သည့် လူငယ် ပြန်လည်လွတ်မြောက်လာ

KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော် ကွယ်လွန်

မချမ်းဘော့ဒေသခံများ၏ စိုက်ပျိုးမြေကို စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့က ရွှေတူးရန် သတ်မှတ်ယူ

ရှမ်းမြောက်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

တရုတ်နယ်စပ်တိုက်ပွဲအတွင်း ဒေသခံတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာ ရ

မုံးကိုး နဲ့ တီးမ ကျေးရွာဘက် စစ်ကောင်စီ နဲ့ MNDAA ၊ KIA တို့ တိုက်ပွဲဖြစ်

အုပ်ချုပ်ရေးဒိုင်း ဘောလုံးပွဲကြောင့် နောင်မွန်တွင် Covid-19 ပိုးတွေ့ လူနာပိုများလာ

အင်အား ၁၀၀ ကျော်ပါသော စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

တနိုင်းမှ ခြေကျင်ဖြင့်ဆင်းလာသော စစ်ကောင်စီ အင်အား ၁၃၀ ခန့်ပါသော စစ်ကြောင်းကို ယနေ့နံနက် ၁၀နာရီခွဲခန့် လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာနှင့် နောင်းမီကျေးရွာကြား မိုးကောင်းတံတားပေါ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“KIA ဘက်က အရင်မိုင်းခွဲတိုက်ခိုက်တယ်။ နောက်ပြီး ၂ဖက်တပ် အပြန်အလှန်ပြန် ပစ်ခတ်ကြတယ်။ ၄၅ မိနစ်လောက်ကြာတယ်။ လက်နက်ကြီး လက်နက်သံတွေ အကျယ်ကြီးကြားရတယ်။ ထိခိုက်မှုတွေက သိပ်မရှိဘူလို့ပြောကြတယ်” ဟု ပြောဆိုသည်။

ထိုနေရာတွင် ၂ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်က KIA ရှိနိုင်သည်ဟု ယူဆသော နေရာများဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဝါရာဇွပ်ကျေးရွာအတွင်း လက်နက်ကြီး ၂လုံးကျခဲ့ပြီး ထိခိုက်မှု မရှိခဲ့ကြောင်း သူကဆက်ဆိုသည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်ခံရသည့်အဖွဲ့မှာ ပြီးခဲ့သောရက်ပိုင်းက တနိုင်းသို့ စစ်ရိက္ခာသွားပို့သည့် ယာဉ်တန်းအဖွဲ့ကို ရှဒူးဇွပ်၊ တိန်ကောက်နှင့် ကောင်ရာ စသော ကျေးရွာ လီဒိုလမ်းမကြီးတစ်လျှောက်ပေါ်တွင် လုံခြုံရေးယူပေးခဲ့သော အဖွဲ့ဖြစ်သည်။ ၎င်းတို့မှာ စစ်ယာဉ်တန်းကို လုံခြုံရေးယူပေးပြီးနောက် ယနေ့ နံနက်ပိုင်း ၇နာရီခန့်တွင် ရှဒူးဇွပ် ခလရ ၂၉၇ တပ်ရင်းမှ ထွက်လာခဲ့စဉ် မိုင်းခွဲ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

သို့သော် အဆိုပါစစ်ကြောင်းမှာ မိုင်းခွဲတိုက်ခိုက်ခံရသော်လည်း လက်ရှိတွင် နောင်းမီကျေးရွာအတွင်းသို့ ရောက်ရှိနေပြီး လမ်းမကြီး တစ်လျှောက် သွားလာဖြတ်သန်းသည့် ပြည်သူများကို လမ်းပိတ်ဆို့ကာ စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ တပ်ဖွဲ့မှာ ဆက်လက်ပြီး မိုးကောင်းအထိ ဆင်းသွားမည့်အဖွဲ့ဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။

အာဏာသိမ်းစစ်တပ်သည် တနိုင်းမြို့သို့ စစ်သုံးရိက္ခာများ သွားရောက်ပို့ဆောင်နိုင်ရန် လုံခြုံရေးအဖွဲ့အဖြစ်  အင်အား ၅၀၀ ခန့်သည် စက်တင်ဘာလ ၂၀ ကျော်ကတည်းက လီဒိုလမ်းပေါ်အတိုင်း တက်လာခဲ့သည်။ အဆိုပါ လုံခြုံရေးအဖွဲ့၏နောက်တွင် စက်တင်ဘာ ၂၈ ရက်နေ့ စစ်ရိက္ခာသယ်ကား အစီး ၄၀ နှင့် ၃၀ ရက်နေ့တွင် ၂၀ စီး လီဒိုလမ်းမတိုင်း တက်လာခဲ့သည်။

ရိက္ခာသယ်ကား စုစုပေါင်း ၆၀ ခန့်ကို မိုးကောင်းမှ ဒွမ်ဘန်အခြေစိုက် ၂၉၈ တပ်ရင်းတွင်တစ်ကြိမ်၊ ရှဒူးဇွပ်အခြေစိုက် ၂၉၇ တပ်ရင်းတွင် တစ်ကြိမ် အနားယူပြီး တနိုင်းမြို့သို့ ပို့ဆောင်ခဲ့သည်။

တနိုင်းသို့ ရောက်ရှိစဉ် စစ်ကား စုစုပေါင်း ၄၃ စီးရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်၏ တနိုင်းအထိ စစ်ရိက္ခာသယ်ယူရေးခရီးစဉ်မှာ ရက်ပေါင်း ၂ ပတ်ခန့်အထိ ကြာမြင့်ခဲ့ပြီး ၎င်းတို့ကို  လီဒိုလမ်းမကြီးတစ်လျှောက်တွင် KIA က ကြားဖြတ် မိုင်းခွဲတိုက်ခိုက်ခဲ့သော အရည်အတွက်မှာ ၆ ကြိမ်ထက် မနည်းရှိခဲ့သည်။

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားကြောင်း ဒေသခံများ ပြောဆိုနေသော်လည်း အသေးစိတ်အချက်အလက်ကို KNG က စုံစမ်းနေဆဲ ဖြစ်သည်။

ဆက်လက်ပြီး လီဒိုလမ်းပေါ် သွားလာနေသော စစ်ကောင်စီတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

Read Previous

မူဆယ် ၁၀၅ မိုင် စစ်ဆေးရေးဂိတ်အနီး ဗုံးပေါက်ကွဲ

Read Next

စစ်ကိုင်းတိုင်းတွင် စစ်ရှောင် ၁ သိန်းခန့်ရှိလာပြီး စစ်ကောင်စီဘက်က အင်အားတိုးချဲ့မှုများရှိနေ

Leave a Reply

Your email address will not be published. Required fields are marked *