သတင်း

မူဆယ် ၁၀၅ မိုင် စစ်ဆေးရေးဂိတ်အနီး ဗုံးပေါက်ကွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ၁၀၅ မိုင်မှာ ဒီနေ့ အောက်တိုဘာလ ၇ ရက်မန့ မနက် ၁၀ နာရီ ၄၀ မိနစ်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မူဆယ် ၁၀၅ မိုင် လားရှိုး မောင်းတံ ဗုံးပေါက်ကွဲမှု ဖြစ်တယ်။ လူ‌တော့ တစ်ဦးမှ မထိဘူး။ ကားတစ်စီး အနည်းငယ်ပျက်စီးသွားတယ်။ ၁၀ နာရီ ၄၀ မိနစ်။” လို့ မျက်မြင် ဒေသ ခံ ၁ ဦးက ပြောပါတယ်။

၁၀၅ မိုင်ကနေ လားရှိုလမ်း အေးရှားဝေါလ် တိုးဂိတ် မရောက်ခင် မောင်းတံနားမှ ပေါက်ကွဲခဲ့တာဖြစ်ပြီး မည်သူဖောက်ခွဲသွားသည်ကို မသိရဘူးလို့ ပြောပါတယ်။

လူထိခိုက်မှုမရှိသော်လည်း ကားထိခိုက်မှုများရှိခဲ့ကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

“လူ‌တွေ တော့ မထိဘူး။ ရပ်ထားတဲ့ ကား ၁ စီးလည်း နည်းနည်း ထိတယ်။ နောက်ပြီးတော့ အဲနားက ထမင်းဆိုင်က ကောင်တာမှန်တွေ ဘာတွေ ထိသွားတယ်။ နောက်ပြီးတော့ TV တစ်လုံး လည်း ထိသွားတယ် ပြောတယ်။ ကားအသေးပဲ။ အိမ်စီးကား။ လ ပြည့်ဝင်းဆိုင်က ဘုမသိ ဘမသိ မှန်တွေ ထိသွားတယ်။” လို့ ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မူဆယ် ကျင်စန်းကျော့ ဘက်မှာ အရပ်ဝတ်လူတစ်ချို့က ပစ်ခတ်တဲ့အတွက် ရဲအရာရှိတစ်ဦးသေဆုံးခဲ့ပါတယ်။

Bum Shep

Show More

Related Articles

Back to top button