သတင်း

မုံးကိုး လွယ်ကန် ဒေသခံ ၂ ဦး မိုင်းနင်းမိပြီး ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ ပန်းလုံအုပ်စု လွယ်ကန်ရွာက ကချင်ဒေသခံ နှစ်ဦး ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းက ဟင်းသီးဟင်းရွက်ရှာသွားရာမှ မိုင်းနင်းမိပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“စားသောက်ဖို့ အခက်အခဲ ဖြစ်နေလို့ ဟင်းသီးဟင်းရွက် သွားရှာတဲ့နေရာ အဲလို နင်းမိတာ။ နှစ်ယောက် စလုံးက ဈေး ရောင်းဖို့ အတွက် ဟင်းသီးဟင်းရွက်ကုန်တွေပါ သွားရှာရင်း ဖြစ်သွားတာ။ နှစ်ယောက်စလုံး တနေရာထဲမှာ ဖြစ်တာ။  ၁ ယောက်တော့ သေသွားပြီ။” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

သေဆုံးသွားသူမှာ လွယ်ကန်ရွာက အသက် ၅၈ နှစ်အရွယ် ဒေါ်လဇွမ်ဒေါင်နောင် ဆိုသူဖြစ်ပြီး လက်ချောင်းတွေ ကျိုး သွားတဲ့သူက အသက် ၃၈ နှစ်အရွယ် ဦးလဂွေတိန့်ခေါ်ဆိုသူဖြစ်သည်။

သေဆုံးသွားသူနဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက “မနေ့ ညနေပိုင်း ၄ နာရီလောက်။ မနေ့က ပေါက်ကွဲသံတော့ ကြားတယ်။ ဘယ်သူမှ သွားမကြည့်ရဲဘူး။ ဒဏ်ရာရတဲ့သူက ပြန်ပြောပြတာ။” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးကြီးရဲ့ အလောင်းကိုတော့ ဒီကနေ့ အောက်တိုဘာ ၈ ရက်နေ့မှ မီးသင်္ဂြိုလ်ခဲ့ရကြောင်း ဒေသခံတစ်ဦးက ထပ်ပြောပါတယ်။

“အလောင်းက ဒီနေ့ မှ သွားကောက်တာ။ ဒီနေ့တော့ သူတို့ စစ်ကောင်စီတပ်သားတွေကို လမ်းမထိ သယ်လာခိုင်းပြီးမှပဲ ပြန်သင်္ဂြိုလ်ရတယ်။ လွယ်ကန်ရွာက။ ပန်းလုံတောင် အောက် လွယ်ကန်ရွာက။ ပန်းလုံ အုပ်စု။ နမ့်ဟာ အပေါ်ဘက်။ အရင်တုန်းက ကျွန်တော်တို့ အုပ်စုအတူတူပဲ။ အခုက အုပ်စု ၂ အုပ်စု ခွဲလိုက်တာ။”  လို့ သူက ပြောပါတယ်။

ရှမ်းမြောက် တရုတ်နယ်စပ် လက်ရှိ စစ်ရေးပြင်းထန်နေသော ပန်ဆိုင်း နဲ့ မုံးကိုး မြို့နယ်ခွဲတွေမှာ ဒေသခံတွေဟာ စစ်ကောင်စီ ထောင်ထားတဲ့ မိုင်းနင်းမိပြီး သေဆုံးဒဏ်ရာ ရရှိသူ ပုံမှန်ရှိနေတာဖြစ်ပါတယ်။

Bum Shep

Show More

Related Articles

Back to top button