,

Breaking News :

ဝက်လက်နယ် တိုက်ပွဲတွင် ၂ဖက်တပ် အကျအဆုံးများဟုဆို

ဒီပဲယင်းတွင် လေကြောင်းလိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာ ၂ခုထွက်ပြေးတိမ်းရှောင်နေရ

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ် သေနတ်လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိမှန်

ဖမ်းဆီးခံထားရသည့် PDF တပ်သား ၄ ဦးအနက် ၂ ဦးကို ထောင်တွင်းသတ်ဖြတ်ခံရဟုဆို

ကသာတွင် ကျောင်းသားတစ်ဦးထံမှ ဆေးခြောက်တွေ့ရှိသဖြင့် ပြည်သူ ၁၃ဦးကို စစ်ကောင်စီဖမ်းဆီး

အင်းတော်နယ်တွင် ထောင်ထားသည့် မိုင်းကြိုးစဆွဲမိသဖြင့် အမျိုးသား၂ဦးသေဆုံး

ကသာတွင် စစ်ကောင်စီ သတင်းပေးသူဟု ဆိုရသော ရာအိမ်မှူးတစ်ဦးဖမ်းဆီးခံရ

ပရိသတ်စိတ်ဝင်စားမည့် သတင်းအမှား ခေါင်းစဉ်ဖြင့် ဝင်ငွေရှာနေသော YouTube ချန်နယ်များကို သတိပြုရန်

ကင်းပုန်းဝပ်ပြီးပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး

ဖားကန့်တွင် ဆယ်နှစ်အောက် ကလေး ၄ဦးအပါ ပြည်သူ ၂၀ ကျော်ဖမ်းဆီးခံထားရဆဲ

ထီးချိုင့်မြို့ ပြည်သူ ၁၇ ဦးဖမ်းခံရ အငယ်ဆုံး ၁၀ နှစ်အရွယ် ကလေးတစ်ဦးပါဝင်

ထီးချိုင့် ဧရာဝတီမြစ်ကူးတံတား

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့တွင် အောက်တိုဘာလ ၈ ရက်ည ၈ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်မှ ပြည်သူ ၁၇ ဦးအား ဖမ်းဆီးသွားကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

“မနေ့ည ၈ နာရီဝန်းကျင်လောက်ကနေ စဖမ်းတာတဲ့ ခုကျနော်တို့ဆီရောက်တဲ့ သတင်းအရဆိုရင် ၁၇ ဦးလောက် ဖမ်းသွားတယ်” ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ အမတ်မင်း၏ တူမ ၁ ဦး၊ ဒေါက်တာတစ်ဦးအပါအဝင် ညီအစ်မ ၃ ဦး၊ ရတနာရွှေရည် အရက်ဆိုင်က သားအဖ ၂ ဦး၊ ရွှေစည်းဂုံကျောင်းနားမှ ဝက်သားဒုတ်ထိုးသည် ဖခင်ကို မတွေ့သည့်အတွက် သမီးနဲ့ဇနီးသည် ၂ ဦး၊ ကိုဖိုးသက်၏တူ ၃ ဦး၊ ၁၇နှစ်‌အောက် ထမင်းဆိုင်မှ အမျိုးသား ၁ ဦးတို့ဖြစ်ပြီး အခြားသူများ၏ စာရင်းကိုလည်း စုံစမ်းနေဆဲဖြစ်ကြောင်း ပြောသည်။

“ဖမ်းခံရတဲ့သူတွေ မုံရွာဘက်ပို့လိုက်ပြီလို့ကြားတယ်။ ထောင်ဖြစ်ဖို့များမယ် အရင်ကလည်း ဖမ်းပြီး ထောင်တန်းထည့်တာဆိုတော့လေ” ဟု နီးစပ်သူများက ပြောသည်။

ဒေသခံများ၏ သတင်းပေးပို့ချက်အရ ယနေ့နံနက်မှာပင် ထီးချိုင့်မြို့အတွင်း စစ်ကောင်စီတပ်သား ၆၀၀ ခန့် ထပ်မံဝင်ရောက်နေပြီး အတည်ပြု၍ မရသေးသည့် သတင်းများအရ အနောက်မြောက်တိုင်း တိုင်းမှူးသည်လည်း ရွှေမင်းဝံရိပ်သာတွင် လာရောက်‌တည်းနေကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း ထီးချိုင့်မြို့နယ်ရှိ ကျေးရွာများတွင် ဝင်ရောက်ရှာဖွေမူများပြုလုပ်နေကာ ဒေသခံများကိုလည်း ဖမ်းဆီးနေကြောင်း သိရသည်။

လက်ရှိ စစ်ကောင်စီတပ်များသည် ထီးချိုင့်မြို့နဲ့(၃)မိုင်ခန့်ဝေးသည့် အလယ်တောရွာအား အဝင်အထွက်အားလုံး ပိတ်ထားသည့်အပြင် (၁၀)မိုင်ခန့်ဝေးသည့် နီကယ်မောင်းကုန်း တရုတ်နီကယ်စက်ရုံကြီးရှိသည့် ကျေးရွာတွင်လည်း  ကျေးရွာအတွင်း စစ်ဆေးရေးများ လုပ်ဆောင်နေသည်ဟု နီးစပ်သူများကပြောသည်။

ထို့ပြင် ထီးချိုင့်မြို့နယ်အတွင်း စက်တင်ဘာလ (၁၇)ရက်နောက်ပိုင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ကုန်သည့်အတွက် စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားပျက်စီးနေပြီဖြစ်ကြောင်း သိရသည်။

Read Previous

စစ်ကောင်စီမှ ထီးချိုင့် အလယ်တောရွာ အဝင်အထွက် ပိတ်ပြီး ဖမ်းဆီးမှုများ ပြုလုပ်နေ

Read Next

မိုးညှင်း မိုင်းနောင်ကျေးရွာအနီး စစ်ကောင်စီ ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်

Leave a Reply

Your email address will not be published.