တိုက်ပွဲသတင်း

မိုးညှင်း မိုင်းနောင်ကျေးရွာအနီး စစ်ကောင်စီ ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်

မိုးညှင်းမြို့နယ် အင်းတော်ကြီး မိုင်းနောင်ကျေးရွာဘက်တွင် ယနေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်တပ်မှ ဂျက်တိုက်လေယာဥ် ၂စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၉ရက် ယနေ့ နေ့လည် ၁၁ နာရီဝန်းကျင်တွင် မိုင်းနောင်ကျေးရွာ အနောက်ဘက်ခြမ်း ၂ မိုင်ခန့်ဝေးသောနေရာတွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ် ၂စီး ဖြင့် ၄ ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု မိုင်းနောင်ဒေသခံတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုခဲ့သည်။

“ရွာရဲအနောက်ဘက်ခြမ်းဟုတ်တယ်။ ဂျက်လေယာဉ် ၂ စီးနဲ့ လာပစ်သွားတယ်။ ရွာကနေ အသံတွေ အကျယ်ကြီးကြားရတယ်။ နေရာအတိအကျတော့ မသိဘူး။ KIA နဲ့ PDF အဖွဲ့ရှိတယ် ထင်လို့ လာပစ်တယ်လို့ဘဲကြားတယ်”ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ယနေ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နေရာမှာ ယခင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့သလို ယနေ့ ဗုံးကြဲမှုမှာ ပထမအကြိမ်ဖြစ်သည်ဟု သိရသည်။

အဆိုပါနေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၉) အောက် တပ်ရင်း ၂၆ နယ်မြေဖြစ်သည်ဟုလည်း သိရသည်။

Related Articles

Back to top button