,

Breaking News :

ပူတာအိုတွင် အရေပြားရောဂါတစ်မျိုးကြောင့် နွား ကူးစက်သေဆုံးမှု များလာ

အဝေးပြေး ယာဥ်စီးခနှုန်းထား ကျပ် ၇၀၀၀ ထပ်မံ တိုးမြင့်ကောက်ခံမည်

ရှမ်းမြောက်တွင် ကြက်သွန်ဖြူကုန်တင်ကား တိမ်းမှောက်ပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ဗန်းမောက်နယ် ကျောက်အိုင်ကျေးရွာမှ ဒေသခံ ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံထားရ

အင်းတော် လူနေအိမ်အလုံး ၁၀၀ ကျော်ကို စစ်ကောင်စီတပ် မွှေနှောက်ဖျက်ဆီးခဲ့

ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း Mytel အင်တာနက်လိုင်း ပြန်ရနေ

နမ့်တောင်းအနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့

မြစ်ကြီးနားတွင် ဒလန်ဟု ဆိုရသော အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ ထောင်ထားသော မိုင်းနင်းမိသဖြင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

သတ်ဖြတ်မှုမကြာခဏ ဖြစ်ပွားနေသော ဖားကန့်ဒေသအကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြင့် မေးမြန်းခြင်း

PDF နှင့်ပတ်သက်သူများကို စုံစမ်းပေးပါက မြေကွက်ပေးမည်ဟု ပင်စင်စား စစ်မူထမ်းဟောင်းများကို စစ်ကောင်စီညွန်ကြားထား

ဗန်းမော်မြို့အတွင်းရှိ ပင်စင်ယူထားသည့် စစ်မူထမ်းဟောင်းများအနေဖြင့် ရပ်ကွက်အတွင်းရှိ PDF နှင့်ပတ်သက်သည့် စာရင်းများကို သတင်းပေးပို့ပါက မြေယာပေးမည်ဟု စစ်ကောင်စီမှ ဖုန်းဖြင့်ညွှန်ကြားနေကြောင်း ဒေသခံများထံမှ သိရသည်။

” ဖုန်းတွေလိုက်ဆက်ပြီးပြောတာတဲ့ PDF နဲ့ ဆက်နွယ်တဲ့သူတွေ ပြီးတော့ စစ်ကောင်စီကို တော်လှန်တဲ့သူ‌တွေရဲ့သတင်းတွေ သူတို့ဆီကို ပို့ပေးရင် မြေကွက်တွေပေးမယ်လို့ ပြောတယ်” ဟု ‌အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဗန်းမော်မြို့အတွင်း  PDF နဲ့ ချိတ်ဆက်သည်ဟု ယူဆသူများအား လိုက်လံဖမ်းဆီးမူများ ပိုမိုလုပ်ဆောင်နေသဖြင့် တစ်ပတ်အတွင်း ဖမ်းဆီးခံရသူ ၉ဦး ထက်မနည်း ရှိပြီဟု သိရသည်။

ထို့အပြင် ဗန်းမော်မြို့ ရပ်ကွက်များတွင် စစ်ကောင်စီတပ်သည် အရပ်ဝတ်ဖြင့် သတင်းစုံစမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများပြောသည်။

” ခုကြားရတာတော့ တစ်ချို့တွေက သူတောင်းစားယောင်ဆောင်ပြီး သတင်းယူတာမျိုး အရပ်ဝတ်နဲ့ သတင်းယူတာမျိုး‌တွေ လုပ်နေတယ်လို့ သိရတယ်။ အဲကြောင့်ထင်တယ် ဖမ်းခံရတဲ့သူကလည်း ပိုများလာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗန်းမော်မြို့သည် ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိပြီး ပြီးခဲ့သည့်လပိုင်းများက မြို့တွင်းပေါက်ကွဲမှုများကို လုပ်ဆောင်ခဲ့ကြောင်း PDF သတင်းစာမျက်နှာများက ထုတ်ပြန်ချက် ထုတ်ခဲ့သည်။

Read Previous

ဝါရာဇွပ်ကျေးရွာပိုင် သစ်တောမှ သစ်ထုတ်ယူနေမှုကို အမြန်ရပ်တန့်ရန် ဒေသခံများတောင်းဆို

Read Next

ကျောင်းသား ၆၀ ကျော် ကိုဗစ်ပိုးတွေ့သည့် ရှင်ဗွေယန်အထက်တန်းကျောင်းပိတ်ထားမည် မဟုတ်

Leave a Reply

Your email address will not be published.