သတင်း

Silent strike day နေ့ ဒီပဲယင်းမြို့နယ်၊ နဂါးတွင်းကျေးရွာမှ ပြည်သူ ၄ဦးအား စစ်ကောင်စီတပ်မှ သတ်ဖြတ်သွား

ဒီဇင်ဘာလ ၁၀ရက်နေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ နဂါးတွင်းကျေးရွာမှ ပြည်သူ ၄ဦးအား စစ်ကောင်စီတပ်ဖွဲ့မှ သတ်ဖြတ်သွားကြောင်း ဒေသခံရင်းမြစ်မှ သိရသည်။

“စစ်တပ်ရွာကနေ ထွက်သွားတဲ့နောက် စစ်ဆေးကြည့်တာ ရက်ရက်စက်စက်သတ်သွားတာဗျာ လေးယောက်လုံးကို သတ်သွားတာ တစ်ပုံစံထဲဘဲ” ဟု ဒေသခံသတင်းရင်းမြစ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိ သတ်ခံထားရသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ်မသိရသေးဘူးဟု ၎င်းကဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၈ရက်နေ့မှစကာ ဒီပဲယင်းမြို့နယ် အနောက်ခြမ်း နဂါးတွင်းကျေးရွာသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ဝင်ရောက် တပ်ဆွဲနေထိုင်ခဲ့ပြီး တပ်ဖွဲ့ (၃)ဖွဲ့ခွဲကာ စတင်လှုပ်ရှားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်များ ရွာတွင်းတပ်ဆွဲနေထိုင်မူ၊ ရွာတွင်းလက်နက်များ ပစ်ခတ်သည့်အတွက် ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်ကဆိုသည်။

အသတ်ခံထားရသော ပြည်သူများ

“ရွာထဲက တစ်ချို့တော့ စစ်ရှောက်သွားပြီ ခုသတ်ခံရတာက မရှောင်ဘဲကျန်နေတဲ့သူနဲ့ လက်တလောသိရသလောက် ရွာပြန်ပြီး နွားစာကျွေးဖို့ပြန်တဲ့လူတွေ သတ်ခံရတာလို့ သိရတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၇ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊ အနောက်ဘက်ခြမ်း၊ အောင်စည်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် မြေပြင်ပစ်ခတ်မူများအပြင် လေကြောင်းဖြင့် ပစ်ခတ်မူများ ပြုလုပ်ခဲ့သည်။

ယင်းသို့ စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ပစ်ခတ်မူများ ပြုလုပ်‌သည့်အတွက် DPY LC PDFအဖွဲ့မှ သတိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ သတိပေးချက်တွင် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် လူသားဒိုင်းအဖြစ် အသုံးပြုခံရခြင်းမှ ကာကွယ်ရန် ဒီပဲယင်း – စိုင်ပြင် လမ်းပိုင်း နှင့် အနောက်ဖက်အခြမ်းရှိ မူးဘောင်များကို လုံးဝ အသုံးမပြုကြရန် တိုက်တွန်းထားကာ မိမိဒေသသသို့ စစ်ဘေးရှောင်များရောက်ရှိလာပါကလည်း ညီရင်းမောင်နှမသဖွယ် ကူညီစောင့်ရှောက်ကြရန် မေတ္တာရပ်ခံထားသည်။

လက်ရှိ ဒီပဲယင်းမြို့နယ်သည် စစ်ဘေးရှောင်နေရသည့် ကျေးရွာ ၁၀ခုထက်မနည်း ရှိနေပြီး စစ်ရှောင်ပြည်သူ ၅၀၀၀ ဝန်းကျင်ရှိနေပြီဖြစ်သည်။

Show More

Related Articles

Back to top button