တိုက်ပွဲသတင်း

မြို့လှ PDF နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်မှ ၁၄ ဦးထက်မနည်း သေဆုံး

ရွှေကူမြို့နယ်၊ သာယာကုန်းရွာ လုပ်တိုင်းချောင်းကူးတံတားအနီးတွင် ယမန်နေ့ညက  မြို့လှ PDF နှင့် ‌စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၁၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်ထားသည်။

” တိုက်ပွဲဖြစ်တာတော့ ၁၅မိနစ်လောက်ပါဘဲ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ၄၊ ၅ချက်လောက် ပြန်ပစ်တယ်။ ဒါပေမယ့် ဒီဘက်က အထိအခိုက်မရှိပါဘူး” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၉ ရက်ည ရွှေကူမြို့နယ်၊ မင်းကျောင်းကုန်းရွာအထက် ဂျိုအင်းတွင် ဝင်ရောက်နေထိုင်သည့် စစ်ကောင်စီတပ်သည် ယနေ့နံနက် အုတ်ချီဖက်ရွာမှတဆင့် သာယာကုန်းရွာဖက်သို့ ဆက်လက်ထွက်ခွာလာရာ လုပ်တိုင်းချောင်းကူးတံတားအရောက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဉီးက ပြောသည်။

ယင်းသို့ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်၏ အင်အား (၇၈) ဦးခန့် ပါဝင်တဲ့ခြေလျင် စစ်ကြောင်း တပ်ဖွဲ့ တပ်မ (၈၈ ) လက်အောက်ခံ ခ.လ.ရ တပ်ရင်း (၄၁၆)မှ (၁၅) ဦးထက်မနည်း ကျဆုံးကာ အမြောက်အများ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မြို့လှ PDF အဖွဲ့မှ တစ်ဦးတစ်ယေက်မျှ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။

Show More

Related Articles

Back to top button