,

Breaking News :

ပူတာအိုတွင် အရေပြားရောဂါတစ်မျိုးကြောင့် နွား ကူးစက်သေဆုံးမှု များလာ

အဝေးပြေး ယာဥ်စီးခနှုန်းထား ကျပ် ၇၀၀၀ ထပ်မံ တိုးမြင့်ကောက်ခံမည်

ရှမ်းမြောက်တွင် ကြက်သွန်ဖြူကုန်တင်ကား တိမ်းမှောက်ပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ဗန်းမောက်နယ် ကျောက်အိုင်ကျေးရွာမှ ဒေသခံ ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံထားရ

အင်းတော် လူနေအိမ်အလုံး ၁၀၀ ကျော်ကို စစ်ကောင်စီတပ် မွှေနှောက်ဖျက်ဆီးခဲ့

ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း Mytel အင်တာနက်လိုင်း ပြန်ရနေ

နမ့်တောင်းအနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့

မြစ်ကြီးနားတွင် ဒလန်ဟု ဆိုရသော အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ ထောင်ထားသော မိုင်းနင်းမိသဖြင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

သတ်ဖြတ်မှုမကြာခဏ ဖြစ်ပွားနေသော ဖားကန့်ဒေသအကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြင့် မေးမြန်းခြင်း

ပလန တွင် စစ်ကောင်စီတပ်မှ လူငယ် ၂ ဦးကို ဖမ်း မမိသဖြင့် အိမ်အလည်လာသူ ၂ ဦးကို ရိုက်နက်ဖမ်းဆီး

မြစ်ကြီးနား ပလန ရပ်ကွက် ၁ တွင် ယနေ့ မွန်းလွဲပိုင်းက စစ်ရှောင်လူငယ် ၂ ဦးကို စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးခဲ့သော်််််လည်း ဖမ်းမမိသဖြင့် ထို လူငယ် ၂ ဦးနေထိုင်သောအိမ်တွင် ခေတ္တလာလည်သော ဧည့်သည် ၂ ဦးကို ဖမ်းဆီးရိုက်နက် ခေါ်ဆောင်သွားသည်ဟု သိရသည်။

အဆိုပါနေအိမ်တွင် လူစိမ်း ရှိနေသည်ဟု သတင်းပေးသူရှိသောကြောင့် ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် စစ်တပ်နှင့် ရဲများမှ လာရောက်ဖမ်းဆီးခဲ့ရာ ထိုလူငယ် ၂ ဦးမှာ လွတ်မြောက်သွားခဲ့သည်။

သို့သော်လည်း ၎င်းနေအိမ်သို့ အလည်လာသူ အမှုတော်ဆောင် ဆရာတန်ဂွမ်း နှင့် ဇနီးဖြစ်သူ မအေးအေးစိုးတို့ ဇနီးမောင်နှံ ၂ ဦးကို စစ်ကောင်စီတပ်များမှ ဖမ်းဆီးရိုက်နှက်ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက KNG ကို ယခုလိုပြောသည်။

“အခုလွတ်သွားတဲ့ လူငယ် ၂ ယောက်က PDF လည်း မဟုတ်ဘူး။ အရင် တစ်ပတ်လောက်က ရှမ်းပြည်ကနေ အဲ့ဒီ သူတို့ဆွေမျိုးအိမ်မှာ လာနေနေတဲ့ စစ်ရှောင်ကလေး ၂ ယောက်ဖြစ်တယ်။ အဲ့မှာ စစ်တပ်နဲ့ ရဲကို PDF ရှိတယ်ဆိုပြီး သတင်းပေးသူရှိတဲ့သူ ရှိလို့ထင်တယ် ဒီနေ့စစ်တပ်က သေနတ်တွေနဲ့ လာပစ်ခတ်ပြီး လာဖမ်းတဲ့ အဲ့ကလေး ၂ ယောက်က လွတ်သွားပြီ။ အဲ့မှာ ဘာမှမဆိုင်တဲ့ အိမ်ကိုအလည်လာတဲ့ ဆရာတို့လင်မယားကို ဖမ်းသွားတာ။ ဆရာကိုက မေးတာ မဖြေလို့ဆိုပြီးရိုက်နှက်တာ သွေးတွေထွက်ပြီး ကားနဲ့ဖမ်းသွားပြီ။” ဟု မျက်မြင်တွေ့ရှိသူတစ်ဦး KNG သတင်းဌာနကို ပြောသည်။

နေအိမ်သို့ ရုတ်တရက်ရောက်လာသော ရဲနှင့် စစ်သားများက ထိုစစ်ရှောင်လူငယ် ၂ ဦးကို PDF ဟုဆိုကာ သေနတ် ၁၀ ကြိမ် ထက်မနည်း လိုက်လံပစ်ခတ်ခဲ့သော်လည်း ဖမ်းမမိသောကြောင့် နီးစပ်ရာအိမ်များသို့ လိုက်လံစစ်ဆေးခဲ့ခြင်း​ ဖြစ်သည်။

စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသော ဆရာတန်ဂွမ်းသည် DCC အသင်းတော်မှ ခရစ်ယာန် အမှုတော်ဆောင် ဆရာတစ််််ပါး ဖြစ်ပြီး ဆွေမျိုးအိမ်သို့အလည်လာရာမှ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်မှ ပြီးခဲ့သော ရက်ပိုင်းကလည်း လူငယ် ၂ ဦးကိုအကြောင်းမရှိ ဖမ်းဆီးသွားခဲ့ရာ ယခုချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

Read Previous

ကချင်ပြည်နယ်တွင် စက်သုံးဆီဈေး ထပ်မံမြင့်တက်လာနိုင်

Read Next

ဟိုပင်မြို့အရှေ့ဘက် စစ်ကောင်စီတပ် နှင့် KIA ၊ PDF တပ်တို့ တိုက်ပွဲဖြစ်ပွားနေ

Leave a Reply

Your email address will not be published.