,

Breaking News :

အင်းတော် ကျေးရွာနေအိမ်အချို့ကို စစ်ကောင်စီတပ်မီးရှို့၊ ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများကို ဖမ်းဆီးထား

‘Kachin News Group (official)’ YouTube အတု နှင့် ‘Kachin News Group’ YouTube အစစ် ခွဲခြား သိရှိစေရန်

နန်းမားတွင် လင်မယားနှစ်ဦးဖမ်းဆီးခံရပြီး အမျိုးသားဖြစ်သူကို သတ်ဖြတ်ထား

ကသာမြို့မှ လူငယ် ၆ ယောက်အား စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ ထောင်ဒဏ် ၁လစီချမှတ်

KIA ၊ PDF အဖွဲ့မှ ဒေသခံလူငယ်များကို ဖမ်းဆီးခေါ်ဆောင်သည်ဟူသော သတင်းအမှား ထပ်ဖြန့်

အင်းတော်တွင် စစ်ကောင်စီ စစ်ကြောင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး  စစ်သား ၆ ဦးသေဆုံး၊ အရပ်သား ၂၀ ဦးကို လူသားဒိုင်းပြုလုပ် ရန် စစ်ကောင်စီဖမ်းဆီးထား

နောင်မွန်တွင် ကိုဗစ်ကူးစက်ခံရသူ ၂၀၀ ကျော်ရှိနေပြီး Mask နှင့် ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေ

စိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်ဖြင့် ဝင်ငွေရှာနေသည့် Youtube ချန်နယ်

စစ်တပ်ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး NUG အစိုးရ၏ လျှို့ဝှက် ညွန်ကြားစာ အတု ပြန့်နှံ့နေ

အင်းတော်နယ်တွင် စစ်ကောင်စီတပ် စစ်အင်အား ၄၀၀ ကျော်တိုးချဲ့ထား၊ ကျေးရွာ ၇ခု ထွက်ပြေးတိမ်းရှောင်နေရ

ပူတာအိုနှင့် မချမ်းဘော့တွင် စစ်အင်အားဖြည့်ရန် ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ကို ညွန်ကြားထား

လက်ရှိ စစ်ရေးတင်းမာနေသော ပူတာအို နှင့် မချမ်းဘော့ဒေသတွင် စစ်အင်အားဖြည့်တင်းရန် စစ်ကောင်စီ မှ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ကို ညွန်ကြားထားသည်ဟု သိရသည်။

ပူတာအိုတွင် စစ်ကောင်စီ၏ အင်အား အလွန်နည်းပါးနေသောကြောင့် ခေါင်လန်ဖူး ပြည်သူ့စစ်အဖွဲ့ကို ခေါ်ယူခြင်းဖြစ်သည်ဟု ပူတာအိုဒေသခံတစ်ဦးက KNG ကို ပြောသည်။

မူလာရှီးဒီ ကျေးရွာတစ်ချို့မှာတောင် ကတုတ်ကျင်း တူးထားပြီး လှုပ်ရှားနေပြီတဲ့။ မနေ့ကပဲ ရှိသေးတယ်။

စစ်အင်အား အတိအကျမသိပေမယ့် ဆင်းလာတာတော့သေချာပြီ ဘာလို့ဆိုတော့ ပူတာအိုမှာက အင်အား ဘာမှ မရှိတော့ဘူးလေ။ ခေါင်လန်ဖူးမှာပဲ ပြည်သူ့စစ်အင်အား များတာ။”  ဟု ပြောသည်။

ယခင်ရက်များက ပူတာအို စစ်ကောင်စီဂိတ်များတွင် သက်ကြီးရွယ်အို စစ်သားဟောင်းများကို ကင်းစောင့်ချထားသော်လည်း ယမန်နေ့မှ စတင်ပြီး ပြည်သူ့စစ်အင်အားများပါ ပူးတွဲချထားသည်ဟု သူက ဆက်ပြောခဲ့သည်။

ထို့အပြင် ယခုအပတ်အတွင်း ပူတာအိုအခြေချ စစ်ဗျူဟာမှူး မှ ခေါင်လန်ဖူး ပြည်သူ့စစ်တပ်ဖွဲ့၏ စစ်အင်အားများကို ပူတာအိုနှင့် မချမ်းဘော့သို့ အမြန်ဆုံးအင်အားဖြည့်ရန် ညွန်ကြားထားသည်ဟု အဆိုပါပြည်သူ့စစ်အဖွဲ့နှင့် ရင်းနီးသော အမည်မဖော်လိုသူ ရဝမ်လူကြီးတစ်ဦးထံမှ ဆက်လက်သိရသည်။

လက်ရှိ မြစ်ကြီးနား- ပူတာအို လမ်းပိုင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၇ နှင့် PDF တို့မှ ထိန်းချုပ်ထားပြီး စစ်ကောင်စီ ပူတာအို ၄၆ ဗျူဟာတပ်ရင်းမှ စစ်အင်အားများကို ဖတ်မာကျေးရွာဘက်သို့ အလုံးအရင်းပို့ဆောင်ထားသောကြောင့် လုံရှာယန်နှင့် ဖတ်မာကျေးရွာအနီးတွင် နှစ်ဖက်တပ် စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟု သိရသည်။

ထို့အပြင် အဆိုပါပြည်သူ့စစ်အဖွဲ့သည် ၎င်းစိုးမိုးသောဒေသရှိ ရွှေတူးဖော်ရေးလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် စက်သုံးဆီများ ပြတ်လပ်လာသဖြင့် ခေါင်လန်းရှိ လုပ်ငန်းအချို့ကို ရပ်နားထားသည်ဟုလည်း ပူတာအိုဒေသခံတစ်ဦးထံမှ သိရသည်။

ထိုသို့ ပြည်သူ့စစ်အဖွဲ့အတွက် လိုအပ်နေသော စက်သုံးဆီများ သယ်ယူနိုင်ရန် ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံ တောင်းဆိုမှု ပြုလုပ်ခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း ပြည်သူ့စစ်အဖွဲ့နှင့် ရင်းနီးသော အမည်မဖော်လိုသူ ရဝမ်လူကြီးတစ်ဦးထံမှ ထပ်မံ သိရသည်။

ပူတာအိုမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး ဆွမ်ပီယန်နှင့် လုံရှာယန်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းများကို KIA နှင့် PDF တို့မှ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စစ်ကောင်စီမှ ဆွမ်ပီယန်ကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် လုံရှာယန်ကျေးရွာအနီး နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကာ ဒေသခံအချို့မှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေရဆဲဖြစ်ပါသည်။

Read Previous

ပလန ရဲကင်းစခန်းတစ်ခု မိုင်းခွဲ တိုက်ခိုက် ခံရ

Read Next

ကသာမြို့ Non CDM ကျောင်းဆရာမ နေအိမ် မိုင်းခွဲတိုက်ခိုက်ခံရ

Leave a Reply

Your email address will not be published.