,

Breaking News :

အင်းတော်ရဲစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နတ်မဟုတ်ကြီး သားအမိ ၄ ဦး ထိမှန်ပြီး သုံးဦး အခြေနေစိုးရိမ်ရ

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ကသာမြို့ Non CDM ကျောင်းဆရာမ နေအိမ် မိုင်းခွဲတိုက်ခိုက်ခံရ

Katha

ကသာမြို့အဝင်ဆိုင်းဘုတ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မုန်းတီးရေးအကြောင်းကို စာသင်ခန်းထဲ ပြောဆိုနေသည့် ကသာမြို့ ရပ်ကွက် ၄ ရှိ Non CDM ကျောင်းဆရာမတစ်ဦး၏နေအိမ် ယနေ့ နံနက်ပိုင်း ၅ နာရီခန့်တွင် မိုင်းခွဲခံရကြောင်း သိရသည်။

နေအိမ် မိုင်းခွဲခံရသော ဆရာမသည် CDM ဆရာ/မ များအပေါ်  ဖိအားပေးပြောဆိုမှုများ ရှိနေသောကြောင့် သတိပေးခြင်းဖြစ်သည်ဟု ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

”သူက ကသာမြို့ အ.ထ.က ၁ ကျောင်းက အထက်တန်းပြဆရာမ ဟုတ်တယ်။ သူက ကျောင်းမှာ ကျန်တဲ့ဆရာမတွေကိုလည်း NUG၊ PDF မုန်းတီးရေးအတွက် ဖိအားပေးတယ်။ ကျောင်းသားတွေကိုလည်း ကျောင်းတက်ကြဖို့ ဖိအားပေးတိုက်တွန်းတာတွေရှိတယ်။ အဲ့ဒါတွေကြောင့် ဒါကို ကသာ Katha Underground Revolutionary အဖွဲ့ကခွဲတာဗျ။ အသံဗုံးမဟုတ်ဘူးဗျ လူထိရင်တော့ သေမှာ” ဟု ၎င်းက ပြောသည်။

ယခုပေါက်ကွဲမှုသည် ကသာမြို့တွင်း Non CDM ဝန်ထမ်း၏ နေအိမ်ကို ပထမဆုံး ဖောက်ခွဲသတိပေးခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

Read Previous

ပူတာအိုနှင့် မချမ်းဘော့တွင် စစ်အင်အားဖြည့်ရန် ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ကို ညွန်ကြားထား

Read Next

စစ်တပ်ထုတ်ကုန်များ ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီဘက်က တန်ပြန်လှုပ်ရှားမှု ပိုများလာ