လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

အဓမ္မပြုကျင့်ရန် ကြိုးပမ်းရင်း ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားကို အသေ ဖမ်းဆီးရမိ

ကွက်ခိုင်မြို့အနီး ဟိုနောင်းကျေးရွာတွင် ယမန်နေ့ညနေပိုင်း ကချင်အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းရင်း ချူပ်နှောင်ခံထားရာမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားကို ယနေ့ ဧပြီ ၁၃ ရက် ညနေပိုင်း ၅ နာရီခန့်တွင် ပစ်ခတ်ရင်း အသေဖမ်းဆီးရမိ ကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းစစ်သားသည် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုကြောင့် ချူပ်နှောင်ထားရာမှ အစောင့် စစ်သား ၅ ဦးကို ထပ်မံပစ်သတ်ပြီး ယမန်နေ့ ညနေပိုင်းက ထွက်ပြေးသွားရာ ယနေ့ညနေပိုင်းတွင် ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ပြန်တွေ့ပြီ၊ ဒီညနေ ၅ နာရီ ကျော်မှာ သေနတ်သံတောင် အကြာကြီးမည် နေတာ။ အဲ့ချိန် ပစ်သတ်လိုက်တယ် ပြောတယ်။ ရွာအောက်ပိုင်းမှာ အဲ့စစ်သားက သေနတ်ကိုင်ပြီး ထွက်လာတဲ့ချိန် ရစစ်သားတွေ ဝိုင်းရံ ဖမ်းဆီး ပစ်ခတ်ကြပြီး အသေဖမ်းမိတယ် ပြောတယ်။ စစ်တပ်ဘက်က ဒီညနေ ရွာလူကြီးကို ဖုန်းဆက်ပြောပြီး အသေဖမ်းမိပြီလို့ အကြောင်းကြားပြီလို့ ပြောတယ်။” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကို ပြောသည်။

အဆိုပါ စစ်သား၏အလောင်းကို ယနေ့ ညနေပိုင်းတါင် သဂြုလ်လိုက်ပြီးနောက် ရွာတွင်ရောက်ရှိနေသည့် စစ်တပ်သည်လည်း ထွက်သွားလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အဆိုပါ ဟိုနောင်း ကျေးရွာသို့ ရောက်ရှိလာသော စစ်ကောင်စီစစ်ကြောင်းသည် ရောက်ရှိပြီး ၂ ရက်အကြာမှာ ယခုလို ပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သားမှ အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုကြောင့် နှစ်နာခဲ့သော မိသားစုကိုလည်း အမှုကြေအေးပေးရန် သက်ဆိုင်ရာ စစ်တပ်မှ လာရောက်ညှိနှိုင်းမှုများပြုလုပ်ခဲ့သည်ဟု သိရပါသည်။

Show More

Related Articles

Back to top button