,

Breaking News :

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ရွှေဘိုတွင် တစ်ရက်အတွင်း ကျေးရွာ ၃ ရွာမှ လူနေအိမ် ၁၇၀ ခန့် မီးရှို့ခံရ

ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၃၉ ဦးရှိလာ

ဖားကန့်တွင် စစ်ဆေးရေးတင်းကြပ်နေသည့် စစ်ကေင်စီအဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

ရဲတပ်ဖွဲ့ မှ CDM များ NUG အစိုးရထံ ဆက်သွယ်ရန် ထုတ်ပြန်

မြန်မာနိုင်ငံ တစ်ဝန်း CDM ပြုလုပ်ထားသော ရဲတပ်ဖွဲ့ စုစုပေါင်း ၆၀၀၀ ကျော် ရှိလာသော်လည်း ထက်ဝက်ခန့်သာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ချိတ်ဆက်နေသောကြောင့် ကျန်ရှိသူများလည်း အမြန်ဆက်သွယ်ရန် ထုတ်ပြန်ထားသည်။

ဧပြီလ ၂၅ ရက် ရက်စွဲဖြင့် ယနေ့ ထုတ်ပြန်သော NUG အစိုးရ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ စာရင်းအရ CDM ပြုလုပ်ထားသော ရဲတပ်ဖွဲ့ အင်အား ၆၀၀၀ မှ ၇၀၀၀ ကြားရှိပြီး CDM ပြည်သူ့ယာယီ ရဲတပ်ဖွဲ့နှင့် ဆက်သွယ်လာသော လူဦးရေ ၂၉၃၇ ဦးသာ ရှိကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် “အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှ စကာ ယနေ့အချိန်ထိ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာကြပြီး၊ ဝန်ကြီးဌာနရဲ့ CDM ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေး ကော်မတီနဲ့ ချိတ်ဆက်ပြီး ကျရာတာဝန် ထမ်းရွက်လုပ်ကိုင်လျက်ရှိသော CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင် အင်အားစာရင်းမှာ ဧပြီ ၂၅ ရက်အထိ စုစုပေါင်း ၂၉၃၇ ဦးရှိပါသည်” ဟု ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီထံ ပူးပေါင်းတာဝန်ထမ်းဟန်ဆောင်လျှက် ပြည်သူ့ဘက်ရပ်တည်နေသည့် Pre-CDM ရဲတပ်ဖွဲ့ဝင် အင်အားကလည်း (၃၄) ဦးထိ ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဝန်ကြီးဌာနမှ စုံစမ်းသိရှိရသမျှ  CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်အင်အားစာရင်းသည် ၆၀၀၀ နှင့် ၇၀၀၀ ကြားမှာရှိနေပြီး အခြားချိတ်ဆက်မရသော CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကို ဝန်ကြီးဌာနဘက်မှလည်းချိတ်ဆက်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိရာ၊ ချိတ်ဆက်မရသေးသော CDM ပြည်သူ့ရဲတပ်ဖွဲဝင်တွေများအနေဖြင့် ဝန်ကြီးဌာနရဲ့ ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေး ကော်မတီထံကို အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ပေးကြရန် ထုတ်ပြန်ထားသည်။

ပြည်သူ့ရင်ခွင် မခိုလှုံဘဲ စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ကိုင်နေသေးပါက  ပြည်သူအပေါ် အကြမ်းဖက်ရာ သက်ရောက်နေသည်ဟု မှတ်ယူထားပြီး အကြမ်းဖက်သမားမှန်သမျှကို ဘယ်ချိန်ဘယ်ကာလ ဖြစ်ဖြစ် တစ်ဦးတစ်ယောက်မျှ လွတ်မြောက်မှု မရှိစေဘဲ၊ တရားဥပဒေနဲ့အညီ အပြစ်ပေးအရေးယူခံရမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။

Read Previous

အောင်မြင်သာ အပန်းဖြေစခန်း ဆိုင်ခန်းနဲ့ ဝါးတဲ ၂၈ ခု မီးလောင်ဆုံးရှုံး

Read Next

လိုင်ဇာမှာ ၅ နှစ် မှ ၁၂ နှစ်ကြား ကလေးများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေ