,

Breaking News :

မြစ်ကြီးနားတွင် အမျိုသား ၂ ဦး အကြမ်းဖက် ဖမ်ဆီးခံရဟုဆို

မိုးကောင်းတွင် SNA ခေါင်းဆောင်အပါအဝင် အဖွဲ့ ၉ ဦးကို ဖမ်းဆီးရမိကြောင်း မိုးကောင်း PDF ထုတ်ပြန်

လုံးခင်း စစ်တပ်ဂိတ်တိုက်ခိုက်ခံရပြီး  စစ်ကောင်စီအထိနာ

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား

ကသာမြို့နယ်၊ မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးလိုက်သည်ဆိုသော သတင်းအမှား

ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

မဇွပ်ယန်ကျေးရွာ အတွင်းရေးမှူး ဖမ်းဆီးခံရ

စစ်တပ်် ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်

အင်းတော်တွင် PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ တစ်ပတ်အတွင်းပြည်သူ ၃ ဦးဖမ်းဆီးခံထားရ

ဖမ်းဆီးခံရသည့် ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ပေါ် မိုင်းတင်ဆင်ပေးပြီး စစ်ကြောင်းထဲ ခေါ်ဆောင်

အောင်မြင်သာ အပန်းဖြေစခန်း ဆိုင်ခန်းနဲ့ ဝါးတဲ ၂၈ ခု မီးလောင်ဆုံးရှုံး

မီးလောင်ပျက်စီးသွားတဲ့ ဆိုင်ခန်းများ မြင်ကွင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ နာမည်ကျော် အောင်မြင်သာအပန်းဖြေစခန်းမှ ဆိုင်ခန်းအပါအဝင် ဝါးတဲ ၂၈ တဲ ယနေ့ ဧပြီ ၂၆ ရက်နေ့ နံနက်ပိုင်းက မီး လောင်သွားကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်းကြောင့် ရွေ့ပြောင်းခံရသောဒေသခံများကို နေရာချထားသည့် အောင်မြင်သာဒေသခံများ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသောနေရာဖြစ်ကာ ဆိုင်ရှင် ၃ ဦး၏ ဝါးတဲ ၃၀ နီးပါး မီးလောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်လုရာက KNG သတင်းဌာနသို့ ပြောသည်။

“ဆိုင်ခန်း က ၂၈ ခန်း လောက်ပါသွားတယ်။ ဆိုင်ရှင်ကတော့ ၃ ဦးပေါ့။ ဆိုင်ခန်းကတော့ ကွပ်ပျစ်လေးတွေပေါ့ ဝါးတဲလေးတွေနဲ့ ဆောက်ထားတဲ့ဟာပါသွားတယ်။ မနက်ခြောက်နာရီလောက်မှ မီးငြိမ်းသွားတယ်။ ရွာသားတွေက ဝိုင်းပြီး မီးငြိမ်းပေးတာ။ ကျွန်မတို့ဆိုင်ရှင်သုံးဦးဟာကတော့ အကုန်ပါသွားတယ်”ဟု ဒေါ်လုရာက ပြောသည်။

မီးလောင်သွားသော ဆိုင်ပိုင်ရှင် ၃ ဦးမှာ ဦးလထော်လှ၊ ဒေါ်ဂျာနန်နှင့် ဒေါ်လုရာတို့ဖြစ်သည်။

အဆိုပါ ဆိုင်ခန်းနဲ့ ဝါးတဲ ပေါင်း ၂၈ ခု ခန့်အနက် ဒေါ်လုရာ၏ ဆိုင်ခန်း ၁၈ ပါဝင်ရာ အများဆုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ခဲ့သည်။ ထို့ကြောင့် တစ်ဦးလျှင် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် သိန်း ၁၀၀ ဝန်း ကျင်ရှိကြောင်းသိရသည်။

“ခန့်မှန်းတဲတစ်လုံးကို သုံးလေးသိန်းရှိတယ် ကျွန်မဆိုရင်တချို့ကိုသံဖရိန်တွေနဲ့ လုပ်တာ ခုနှစ်သိန်းလောက်ကုန်တယ် ဝါးတဲတွေက ဝါးစျေးကြီးတော့ လေးသိန်းလောက်ရှိတယ်။ သိန်းရာဂဏန်းဆုံးရှူံးမှုဖြစ်သွားတယ်”ဟု ဒေါ်လုရာက ပြောသည်။

မီးလောင်မှုနဲ့ပတ်သက်၍ လတ်တလော လူမှုကွန်ယက်တွင် ညအချိန်၌ငါးရှာထွက်သည့်ကလေးများက မီးမွေးထားရာ မငြိမ်းသတ်ပဲချန်ထားရာမှ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်းပြောဆိုနေကြသော်လည်း အတည်ပြု၍ မရကြောင်း မီးလောင်မှုကို စုံစမ်းဆဲ ဖြစ်ကြောင်း သိရသည်။

အောင်မြင်သာဒေသခံများသည် မြစ်ဆုံစီမံကိန်းကြောင့် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ခန့် မြစ်ဆုံဒေသမှ ယခုနေရာသို့ ပြောင်းရွေ့လာစဉ် စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အပန်းဖြေစခန်းကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုဆိုင်ခန်းမီးလောင်မှုတွင်ပါဝင်သည့်ဒေါ်လုရာသည် လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်ကလည်း နေအိမ်မီးလောင်မှု ဖြစ်ခဲ့ကြောင်း သိရသည်။

Read Previous

၂ နှစ်ကြာရပ်နားထားသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်မည်

Read Next

ရဲတပ်ဖွဲ့ မှ CDM များ NUG အစိုးရထံ ဆက်သွယ်ရန် ထုတ်ပြန်