,

Breaking News :

အောင်ဟိန်းမင်း ဦးဆောင်သည့် PDF အဖွဲ့မှ ပိုက်ဆံလုယက်သည် ဆိုပြီး သတင်းအမှားဖြန့်

KIO နယ်မြေမှာဖွင့်လှစ်တဲ့ Kachin State Comprehensive University (KSCU)

မိုးညှင်း နှင့် မော်ဟန်ကြားတွင် စစ်ကောင်စီတပ်မှ ခရီးသွားယာဉ်များကို စစ်ဆေးနေ

ဗန်းမော်တွင် မီတာကြေးမဆောင်သည့် နေအိမ်များမှ မီတာဘောက်များ စစ်ကောင်စီအဖွဲ့ လိုက်လံဖြုတ်သိမ်းနေ

စစ်ကောင်စီတပ်၏ စက်လှေ ၄စီးပစ်ခံရပြီး မိုးစစ်ရွာမှ ကလေးငယ် ၅ဦးခန့် ထိခိုက် သေဆုံးမှုရှိ

ထီးချိုင့်နယ် ငွေကြေးကောက်ခံနေသည့် စစ်တပ်ဂိတ်တစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်သား ၃ဦးခန့်သေဆုံးဟုဆို

မင်းကင်းနယ်ရှိ စစ်တပ်ဂိတ်စခန်းတစ်ခုတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ၊ လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရရှိ

နန့်ယား ပြည်သူ့စစ်ခေါင်းဆောင် သတ်ခံရပြီးနောက် နန့်ယားကျေးရွာတွင် စစ်ဆေးရေးပိုမိုတင်းကြပ်ထား

မြစ်ကြီးနားတွင် စစ်ကောင်စီအဖွဲ့ ကင်းပုန်းချ ဖမ်းဆီးမှုလုပ်ဆောင်နေ၊ တစ်ရက်အတွင်း လူငယ် ၂ဦး ဖမ်းဆီးခံရ

ငွေသာကျေးရွာ မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

ခင်ဦးမြို့နယ်တွင် လူသားဒိုင်းအဖြစ်အသုံးပြုခံရသည့် ပြည်သူနှစ်ဦးကို စစ်ကောင်စီပစ်သတ်

ခင်ဦးမြို့နယ် ကြို့ကန်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် မြင်ကွင်းဖြစ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ကြို့ကန်ကျေးရွာကို မီးရှို့ရန် စစ်ကောင်စီတပ်ဖွဲ့မှ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားသည့် အင်တိုင်းကျေးရွာပြည်သူနှစ်ဦးကို ကြို့ပင်ကျေးရွာအနီးတွင် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၁၁ ရက်နေ့က ကြို့ကန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် အင်တိုင်းကျေးရွာနေပြည်သူနှစ်ဦးကို လူသားဒိုင်းအဖြစ်ခေါ်ဆောင်လာခဲ့ပြီးနောက် ကြို့ကန်ကျေးရွာအနီးတွင်သာ ပြန်လည်သတ်ပစ်ခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သို့ပြောသည်။

“ဟုတ်တယ်ဗျ ကြို့ကန်ရွာ ကိုမီးလာရှို့တဲ့နေ့က လမ်းသွားလမ်းလာတွေကိုစစ်တာပေါ့ စစ်တဲ့အခါမှာ ခင်ဦးနယ်ခံနှစ်ဦးစလုံးက အင်တိုင်းကလို့သိရတယ် သူတို့နှစ်ဦးကို ဖမ်းခေါ်သွားတယ် ခေါ်သွားပြီ ကျေးရွာကနေပြန်ထွက်တဲ့အခါမှာ ပစ်သတ်ခဲ့တာ”ဟု ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ပစ်သတ်ခံရသည့် နှစ်ဦးအနက် တစ်ဦးမှာ ကိုချမ်းသာ တစ်ဦးအမည်စုံစမ်းဆဲတို့ဖြစ်ပြီး အသက် ၃၀ ကျော်အရွယ်များဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် ကြို့ကန်ကျေးရွာမှ နေအိမ် ၃၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် နေအိမ်နှစ်လုံးလည်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

“နေအိမ်ကတော့မီးရှို့ခံရတာရယ် လက်နက်ကြီးထိလို့ပျက်စီးတာရယ်ဆိုရင် ၃၇ လုံးပေါ့ပျက်စီးတာ အခုတော့ရွာသားတွေကမနေ့ကတည်း ကရွာပြန်ကပ်နိုင်ပါပြီ သတ်ခံရတဲ့နှစ်ယောက်ကလ​ည်း မနေ့က ရွာပြန်ဝင်မှ အလောင်းတွေ့တာ”ဟုဒေသခံတစ်ဦးကပြောသည်။

လတ်တလောတွင်အဆိုပါမီးဘေးသင့်သည့်ပြည်သူ များ၏ နေထိုင်စားသောက်ရေးကို ကျေးရွာနေပြည်သူများက ဝိုင်းဝန်းကူညီပေးနေကြောင်းသိရသည်။

ခင်ဦးမြို့နယ်အတွင်းတွင် လက်ရှိအချိန်ထိ စစ်ကောင်စီ လက်ချက်ကြောင့်သေဆုံးခဲ့သည် ပြည်သူနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ပေါင်း စုစုပေါင်း ၁၅၇ ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။

Read Previous

စစ်ကောင်စီတပ်ဖွဲ့၏ ခြေလျှင်စစ်ကြောင်းကို မြို့လှ KPDF စောင့်ကြိုတိုက်ခိုက်

Read Next

ထီးချိုင့်နယ် အလယ်တောဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရ

Leave a Reply

Your email address will not be published.