သတင်း

တောကျောင်းလေးရွာကို မီးရှို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် တောကျောင်းလေးရွာကို မီးရှို့ပြီးပြန်လာသည့် စစ်‌ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ကို ချောင်းဦး PDF အဖွဲ့ CHU LDF နှင့် မဟာမိတ်တပ်ပေါင်းစုများမှ တောကျောင်းလေးရွာနှင့် ကင်မွန်းတော်ကျေးရွာ ၂ခုကြားရှိ လမ်းခုလတ်တစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု CHU LDF မှသိရသည်။

အဆိုပါ စစ်ကြောင်းကို ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးဘက်မှ ၃ဦးသေဆုံးကာ ၂ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုသည်။

“တောကျောင်းလေးကျေးရွာက မီးရှို့ပြီး ပြန်ထွက်လာတဲ့ ခွေးစစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက်ခဲ့တာပါ။ မနက် ၄ နာရီလောက်ကစပြီး စစ်ခွေး၊ ပျူခွေးတွေက တောကျောင်းလေးကျေးရွာကို မီးရှို့ပြီး တောကျောင်းလေးရွာကနေ အရှေ့နယ်တွေဘက်ကို ကူးလာတဲ့အချိန်မှာ ကျွန်တော်တိုရဲ့ ပြောက်ကျားရဲဘော်တွေက အသင့်စောင့်ဆိုင်းပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တယ်”ဟုပြောဆိုသည်။

ထိုသို့ ချောင်းဦး PDF အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်မူအပြီးတွင် တိုက်ပွဲထပ်မံဖြစ်ပွားခြင်းမရှိခဲ့ဘဲ ၂ဖက်တပ်ပြန်လည်နောက်ဆုတ်ခဲ့ကြကြောင်း ဆက်သိရသည်။

စစ်‌ကောင်စီတပ်စစ်ကြောင်းသည် အင်အား ၁၀၀ ကျော်ခန့်ပါဝင်သည် စစ်ကြောင်းဖြစ်ပြီး ဇွန်လ ၁၂ရက်နေ့တွင် တောကျောင်းလေးရွာသို့ ကျေးရွာကို မီးရှို့ရန် ဝင်ရောက်တပ်စွဲခဲ့ကြသည်။

ယင်းကဲ့သို့ ကျေးရွာအတွင်း တပ်စွဲနေထိုင်စဉ်အတွင်း ဒေသခံများ၏ စားနပ်ရိက္ခာများ၊အိမ်မွေးတိရစ္ဆာန်များနှင့် အခြားတန်ဖိုးကြီးပစ္စည်းများကိုလုယက်ခဲ့မှုများပြုလုပ်ခဲ့ကြပြီး လူနေအိမ် ၁၀၀ ခန့်ကို မီးရှို့ခဲ့သည့်အပြင် ဒေသခံ ၄ဦးကိုလည်း သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပါသည်။

Show More

Related Articles

Back to top button