သတင်း

စစ်အာအားအပြည့်တင်ဆောင်လာသည့် ၁၂ ဘီးကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့မှ စစ်အင်အားအပြည့်တင်ဆောင်လာသည့် စစ်ကောင်စီတပ်၏ ၁၂ ဘီးကား တစ်စီးကို မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာအနီး၊ မုံရွာ-မန္တလေးအမြန်လမ်းမပေါ် တွင် ပစ်မိုင်း ၁၃လုံး ဖြင့် တိုက်ခိုက်ခဲ့သည်ဟု Farmer Revolution Force FRF(CHU) မှ သိရသည်။

ဇူလိုင်လ ၁ ရက်နေ့ နံနက်၈နာရီဝန်းကျင်တွင် Farmer Revolution Force FRF(CHU) မှ ဦးဆောင်ကာ မဟာမိတ်တပ်ဖွဲ့များဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးနှင့် ဒဏ်ရာရရှိသူ များပြားနိုင်သည်ဟု Farmer Revolution Force FRF(CHU) တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“သူတို့စထွက်လာကတည်းက သတင်းကရတာ အဲ့တာနဲ့ ကျနော်တို့ပွိုင့် ဝင်လာတော့ တီးထည့်လိုက်တာ အကျအဆုံးကတော့တော်တော်လေးများတယ် ဘာလို့လဲဆိုတော့ အတိအကျတော့မသိရသေးဘူးပေမဲ့ ကားကြီးကအဲ့မှာကို ချက်ချင်းထိုးရပ်သွားတာ ထိုးရပ်ပြီးတော့ နောက်တစ်ပွိုင့်ထပ်ဆွဲသေးတယ် ကျနောတို့ မဟာမိတ် CDSOM ဆွဲတာပေါ့ တော်တော်လေးကိုထိတယ်ဗျ”ဟု Farmer Revolution Force FRF(CHU)မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီဘက် ထိခိုက်ကျဆုံးသည့် စာရင်းကို အတိအကျမသိသေးသော်လည်း ၁၅ ဦးထက်မနည်းသေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူများပြားနိုင်သည်ဟု Myaung PDF CDSOM က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင်လည်း မန္တလေးမှ မုံရွာဘက်သို့ တက်လာသော စစ်ကောင်စီ စစ်ကြောင်းကို Chaung U Local Defence Force FRF (CHU) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂ဦး သေဆုံးပြီး ၃ ဦး ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button