,

Breaking News :

စစ်ကောင်စီ၏ မြင်း ၉ကောင် သယ်ဆောင်လာသော ၁၂ ဘီးကားကို KIA မီးရှို့ ဖျက်ဆီး

ပြည်သူ့စစ်စခန်း KIA ပြန်တိုက်ခိုက်ပါက လူနေအိမ်များကို ငဲ့ညှာမည်မဟုတ်ကြောင်း မင်းဇင်သန့် ပြော

ဆယ်ဇင်းကျေးရွာ နေအိမ် ၄၀၀ ကျော်ကို KIA နှင့် PDF တို့ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသာ သတင်းအမှား

နောင်းမီတွင် KIA မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ဦးထိခိုက်ဒဏ်ရာရရှိ

ကသာ ဒေသခံ ၃၀ ကျော်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဖမ်းခေါ်သွား

ဆယ်ဇင်းတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွှေမှော်ကျေးရွာ ၂၀ မှ ပြည်သူများ ထွက်ပြေး တိမ်ရှောင်နေရ

ကသာနယ်အထက်ပိုင်းတွင် စစ်ကောင်စီတပ် ဂျက်လေယာဉ် ၂စီးဖြင့် ဗုံးကျဲတိုက်ခိုက်

ပေကုန်း ဇရပ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို KIA နှင့် PDF ပူးပေါင်းတပ် သွားရောက်တိုက်ခိုက်

ပူတာအိုတွင် ကုန်စိမ်းနှင့် အသားစျေးနှုန်းများ အဆမတန် မြင့်တက်

ဆယ်ဇင်း KIA တပ်ကိုထပ်မံ တိုက်ခိုက်ရန် စစ်ကောင်စီ ရဟတ်ယာဉ်ဖြင့် အင်အား ပို့ဆောင်၊ ဒေသခံတစ်ချို့ ပိတ်ဆို့ခံထားရဆဲ

အင်းတော်နယ်တွင် ထောင်ထားသည့် မိုင်းကြိုးစဆွဲမိသဖြင့် အမျိုးသား၂ဦးသေဆုံး

ထောင်ထားသည့် မိုင်းကြိုးစဆွဲမိသဖြင့် အမျိုးသား ၂ဦးသေဆုံးမြင်ကွင်း

အင်းတော်မြို့နယ် နန့်ကင်ရွာတွင် ထောင်ထားသည့် မိုင်းဝါယာကြိုးစဆွဲမိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ဦး ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်း ၂ နာရီအချိန်တွင် နန့်ကင်ကျေးရွာမှ အမျိုးသား ၂ဦးသည် ရထားသံလမ်းအနီး နွား ကျောင်းရန်ထွက်လာစဉ် အနီးတဝိုက်ထောင်ထားသည့် မိုင်း၏ ဝါယာကြိုးစကို မသိဘဲ ဆွဲမိရာ မိုင်းပေါက်ကွဲ သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သို့​ပြောသည်။

“သူတို့နှစ်ယောက်က နွားလာဆွဲတာ။ တစ်ယောက်က တဲပေါ်မှာနေနေပြီး တစ်ယောက်က နွားသွားဆွဲနေတာ ပေါက်ကွဲတဲ့ မိုင်းက ကြိုးဆွဲမိုင်းတဲ့။ အစပေါ်နေတဲ့ မိုင်းကြိုးစဆွဲမိလိုက်တာကနေ ပေါက်ကွဲသွားတာ။ ပြီးနှစ်ယောက်စလုံးသေသွားတာပါ”ဟု ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသွားသည့် အမျိုးသား ၂ဦးသည် အသက် ၅၂နှစ်ရှိသူ ဦးလှထွန်း (မိုင်းကြိုးစဆွဲမိသူ)နှင့် ဦးချစ်ဝင်း(တဲပေါ်တွင်ရှိ)သူ တို့ဖြစ်ကြသည်။

အဆိုပါ ရထားသံလမ်းအနီးတွင် ပေါက်ကွဲသွားသည့် မိုင်းသည် မည်သည့်ဘက်မှ ထောင်ထားသည့် မိုင်းဖြစ်ကြောင်းကို အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု အင်းတော် PDF အဖွဲ့မှတာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုထားသည်။

“ကျွန်တော်တို့လည်းစုံစမ်းနေတုန်းဗျ။ ဘယ်ဘက်ကလုပ်တယ်ဆိုတာ စစ်ကောင်စီတပ်ဘက်က လုပ်တာဆိုရင်လည်း ပြည်သူတွေသတိထား ရအောင်။ နောက်ပြီးတော့ အဲ့မှာက စစ်သားတွေတော်တော် ခြေရှုပ်တယ်။ သူတို့လာတဲ့လမ်းကြောင်းမှာ ကျနော်တို့ဘက်က အဖွဲ့ခွဲလေးတွေက များတော့ ကိုယ့်ဘက်က လုပ်တယ်ဆိုလို့ရှိရင်လည်း ပြန်ပြီးမှ တောင်းပြန်လို့ရအောင်ပြန်ပြီးတော့စိစစ်နေတယ်”ဟုပြောဆိုသည်။

ထို့နောက် အင်းတော်မြို့နယ် မဲဇာရွာတွင်လည်း ပြီးခဲ့သော ဇွန်လ ၆ ရက်နေ့ လူနေအိမ်ခြံဝင်းတစ်ခုတွင် ဗုံးသီးတစ်လုံးတွေ့ရှိရသဖြင့် ထိုဗုံးသီးကို ဖမ်ရှားနေစဉ် အသက် ၅၀နှစ်အရွယ်ရှိ အိမ်ရှင်အမျိုးသမီး ဒေါ်မလွေ ထိမှန်သေဆုံးခဲ့ကြောင်းသိရသည်။

Read Previous

ကသာတွင် စစ်ကောင်စီ သတင်းပေးသူဟု ဆိုရသော ရာအိမ်မှူးတစ်ဦးဖမ်းဆီးခံရ

Read Next

ကသာတွင် ကျောင်းသားတစ်ဦးထံမှ ဆေးခြောက်တွေ့ရှိသဖြင့် ပြည်သူ ၁၃ဦးကို စစ်ကောင်စီဖမ်းဆီး

Leave a Reply

Your email address will not be published.