တိုက်ပွဲသတင်း

မဲဇာရဲမှူး စီးနင်းလာသော ကားနှစ်စီး မိုင်ဆွဲခံရပြီး သုံးဦးပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသ အင်းတော်နယ်တွင် မဲဇာကျေးရွာ၏ ရဲစခန်းမှူးအပါ စီးနင်းလာသော ကားနှစ်စီးကို ယမန်နေ့ ဇွန်လ ၂၀ရက် မွန်းလွှဲ ၃နာရီဝန်းကျင်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စခန်းမှူးအပါ ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခသတင်းအရင်းအဖြစ်ထံမှသိရသည်။

အဆိုပါ ကား ၂စီးတွင် စခန်းမှူးအပါ ရဲတပ်သား ၃ဦးပါဝင်ပြီး အင်းတော်မြို့မှ မဲဇာဘက်သို့ ပြန်ခေါက်လာခဲ့ရာ လမ်းခုလပ်တစ်နေရာတွင် အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပဒေသာမိုင်း တစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သို့ပြောသည်။

“အင်းတော်နဲ့မဲဇာကြားမှာတိုက်ခိုက်ခဲ့တာဟုတ်တယ်။ အဲ့ဒီ စခန်းမှူးက အင်းတော်နဲ့ မဲဇာကြားမှာ အမြဲတမ်းသွားလာနေကြ။ ဒီတစ်ခါတော့ သူတို့သွားနေကြအချိန်ကို ခန့်မှန်းပြီးတော့ ထောင်ထားလိုက်တာ ကွက်တိဖြစ်သွားတဲ့ သဘောပါ။ ထိခိုက်မှုကတော့ စခန်းမှူးရဲ့မျက်နှာတွေစုတ်ပြတ်သတ် သွားတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရထားတယ်”ဟုပြောဆိုသည်။

ထိုနေရာတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အင်းတော်ဘက်မှ ရဲကားနှင့် စစ်ကား အမြောက်အများရောက်လာခဲ့ကြောင်းသိရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ပြန်လည်ဆုတ်ခွာသွားနိုင်ခဲ့ကြောင်း သူကဆက်ဆိုထားသည်။

အင်းတော်နယ် PDF အဖွဲ့၏ တိုက်ခိုက်ခံရသော မဲဇာရဲစခန်းမှူးသည် ဦးမောင်မောင်လှတင့် ခေါ်သူဖြစ်ပြီး မကြာသေးမှီအချိန်က မြို့နယ်ရဲစခန်းမှူးမှ မဲဇာရွာ၏ စခန်းမှူးအဖြစ် ရာထူးလျော့ခံထားရသူဖြစ်ကြောင်းသိရသည်။

Show More

Related Articles

Back to top button