သတင်း

မိုးမောက်တွင် ၅ ရက်ကြာ တပ်စွဲခဲ့သော စစ်ကောင်စီတပ်များ ဗန်းမော်သို့ ပြန်လည်ဆုတ်ခွာ

မိုးမောက်မြို့ ဝဝမ်နှင့် ခါနန်ရပ်ကွက်တွင်  ရက်ကြာ တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်များ ဗန်းမော်မြို့သို့ ပြန်လည်ဆုတ်ခွာသွားပြီဟု သိရသည်။

စက်တင်ဘာ ၁၀ ရက်နေ့တွင် အင်အား ၂၀၀ ခန့်ပါဝင်သော စစ်ကြောင်းသည် ခူးလီနန့်လှိုင်လမ်းအတိုင်း ဗန်းမော်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု မိုမောက်မြို့ ခါနန်ရပ်ကွက်မှ အမျိုးသားတစ်ဦး က KNG ကို ပြောသည်။

သူတို့ပြောနေကျစကား အမိန့်အရ ဒီကိုရောက်လာတာ။ အခုကတော့ အခြေအနေကလည်း အရမ်းတင်းမာတယ်။ သူတို့ဘက်က နည်းနည်းရွှေ့လာရင် ဒီဘက်ကပစ်မယ်။ ဒီဘက်ကလည်းနည်းနည်းရှေ့တိုးတာနဲ့ သူတို့ကပစ်မယ်ပေါ့။ သူတို့ပြန်တဲ့ချိန်တော့ လာခဲ့တဲ့လမ်းအတိုင်း ပြန်တာတော့ မဟုတ်ဘူး တခြားလမ်းနဲ့ပြန်သွားတာဟု ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်များသည် စက်တင်ဘာ ၆ ရက်နေ့တွင် ဗန်းမော်မိုးမောက်ကားလမ်းဖြင့် ဝင်ရောက်လာသော ဗန်းမော်မြို့တွင်းတပ် ခမရ ၄၃၇ များဖြစ်ကြပြီး မိုးမောက်မြို့ ခါနန် နှင့် ဝဝမ်ရပ်ကွက်တွင် ၅ ကြာ နေထိုင်ခဲ့ကြသည်။

စစ်ကောင်စီတပ် ခါနန် နှင့် ဝဝမ်ကျေးရွာတွင် တပ်စွဲနေထိုင်နေစဉ် နှစ်ဖက်စစ်ရေး တင်းမာခဲ့သောကြောင့် ဒေသခံ ၃၀၀ ခန့်သည် စက်တင်ဘာ ၇ ရက်နေ့တွင် မိုးမောက်မြို့တွင်းရှိ ကြေးနန်းရပ်ကွက်နှင့် အလင့်ကောင်ရပ်ကွက်တွင် ထွက်ပြေးခဲ့သော်လည်း ယခု နေရပ်ပြန်ကြပြီ ဖြစ်သည်။

စစ်ကောင်စီတပ်များ ထွက်ခွာသွားစဉ် ဒေသခံများ၏ နေအိမ် ၁၆ လုံးခန့် မွှေနောက်သွားပြီ နေအိမ်  လုံးကိုလည်း ဖျက်ဆီးသွားကြောင်းသိရသည်။

အိမ်တိုင်တွေ ခုတ်ဖျက်ပေးသွားတယ်။ ပြီးတော့ တချို့အိမ်တွေက အကာတွေအကုန်ဖျက်ဆီးသွားတာ။ ဝင်မွှေသွားတယ် အိမ်မီးဖိုကြောင်ထဲက ငါးပိ ငါးခြောက်တွေ ဆီ ဆန် ဆားတွေလည်းအကုန်ဖျက်ဆီးသွားတယ်။ ရစရာမရှိဘူးဟု ခါနန်ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ စသည့်နယ်မြေများသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်ဖြင့် နယ်မြေချင်းဆက်နေပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လအတွင်းဖြစ်ပွားခဲ့သော အလော့ဘွမ်တိုက်ပွဲသည် အပြင်းထန်ဆုံး ဖြစ်ခဲ့သည်။

Show More

Related Articles

Back to top button