သတင်း

ပရဟိတသမား ယောင်‌ဆောင် ပျူစောထီး ၅ ဦးကို ရှင်းလင်းလိုက်ကြောင်း အင်းတော် PDF ပြောဆို

အင်းတော်မြို့နယ်တွင် ပရဟိတအမည်ခံ၍ ပျူစောထီးလုပ်‌နေသည့် စစ်ထွက် ဦးကောင်းမြတ်ဇော် နှင့် စုစုပေါင်း ၅ ဦး ကို အင်းတော် နယ်မြေရှင်းလင်းရေးအဖွဲ့မှ သုတ်သင်ရှင်းလင်းလိုက်ပြီဟု သိရသည်။

ဦးကောင်းမြတ်ဇော်နှင့်အဖွဲ့သည် စစ်အာဏာသိမ်းပြီးနောက် တနိုင်ငံတစ်ဝှမ်း ပျူစောထီးများ စတင်ပေါ်ပေါက်လာသည့် ၂၀၂၁ ခုနှစ်ကတည်းက အင်းတော်နယ်တွင် ပရဟိတအမည်ခံကာ ပျူစောထီးအလုပ် လုပ်ကိုင်နေသူများဖြစ်သည့်အတွက် ဩဂုတ်လ ၂၁ ရက်နေ့က အင်းတော်နယ်မြေ ရှင်းလင်းရေးအဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက KNG သတင်းဌာနကို ပြောသည်။

“သူတို့ငါးယောက်က ကသာ ၃၀၉ တပ်မှာ လက်နက်ကိစ္စ သွားပြီးညှိနှိုင်းတာ။ ညှိနှိုင်းဖို့သွားတဲ့အပြန်လမ်းမှာ အင်းတော်နဲ့ ကသာကြားပေါ့ အဲ့မှာအင်းတော်နယ်မြေ ရှင်းလင်းရေး အဖွဲ့က သုတ်သင်ရှင်းလင်းလိုက်တာ” ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

ဦးကောင်းမြတ်ဇော်နဲ့အတူ သုတ်သင်ရှင်းလင်းခံလိုက်ရသည့် ကျန်လေးဦးမှာ ကြံ့ခိုင်ရေးပါတီဝင် ဦးလုံးတော်၊ ဦးဝင်းဦး၊ ဦးကျော်ဆွေဦး (သတင်းထောက် ဓာတ်ပုံဆရာ) နှင့် ဦးဇော်ထွန်းတို့ဖြစ်သည်။ ထိုသူများအနက် ဦးလုံးတော်ကိုလည်း ပျူစောထီး ဆက်မလုပ်ရန် သတိပေးထားချိန် ဆက်လက် လုပ်ဆောင်နေသောကြောင့် ယခုကဲ့သို့ သုတ်သင်ရှင်းလင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အင်းတော်မြို့နယ်တွင် လက်ရှိ ပျူစောထီးအဖွဲ့ဝင် ၇၅ ဦးတိတိ ကျန်ရှိနေသေးပြီး ၎င်းတို့အားလုံးမှာ စစ်ထွက်များနှင့် ကြံ့ခိုင်ရေးပါတီဝင်များဖြစ်ကြောင်း သိရသည်။

အင်းတော်မြိုနယ်တွင် လက်ရှိအချိန်ထိ ပျူစောထီများ၏ လုပ်ရပ်ကြောင့် မတရားဖမ်းဆီးခံထားရသူများနှင့် ထွက်ပြေးနေရသူများ ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button