သတင်း

ကသာမြို့မှ လူငယ် ၆ ယောက်အား စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ ထောင်ဒဏ် ၁လစီချမှတ်

စစ်ကိုင်းတိုင်း‌ဒေသကြီး ကသာမြို့မှ လူငယ် ၅ ဦးအား စစ်ကောင်စီတပ်မှဖမ်းဆီးကာ ထောင်ဒဏ် ၁ လစီချမှတ်လိုက်‌‌ကြောင်း ဒေသခံများမှ သိရသည်။

ဖမ်းဆီးခံလိုက်ရသည့် လူငယ် ၆ ဦးသည် စက်တင်ဘာလ ၂၅ ရက်ည ၈ နာရီဝန်းကျင် ကသာမြို့ မီးရထားဘူတာရုံအနီးရှိ လ္ဘက်ရည်ဆိုင်မှ နေအိမ်လမ်းလျောက်ပြီးပြန်လာစဥ် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သား‌များမှ ဖမ်းဆီးသွားကာ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ထောင်ဒဏ် ၁ လစီချမှတ်လိုက်ကြောင်း သိရသည်။

စဖမ်းခံရတာ ၆ ယောက်ဟုတ်တယ် တစ်ယောက်က အသက်မပြည့်လို့ ပြန်လွှတ်ပေးလိုက်တယ် ၅ ယောက်ကိုတော့ ညမထွက်ရ ၁၄၄ နဲ့ညှိလို့ဆိုပြီး ထောင် ၁လစီချလိုက်တာတဲ့ လို့ ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူများတွင် ကသာလျှပ်စစ်ရုံးမှ EPC Non CDM ဝန်ထမ်းတစ်ဦးလည်းပါဝင်ပြီး ကသာရပ်ကွက် ၅ နှင့် ရပ်ကွက် ၇ မှ လူငယ်များပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ကသာမြို့တွင်းပြီးခဲ့သည့် ရက်သတ္တ ၂ ပတ်ခန့်မှစတင်ကာ ကသာခရိုင်ရုံးကြီး အနောက်ဘက်လမ်းမှာရှိသည့် ခရိုင်ငါဦးစီးဌာနရုံးအရှေ့၊ အမှတ် ၇ မီးရထား သံလမ်းအနီး အစရှိသည့်နေရာများတွင် ညစဉ်ကင်းလှည့်ကာ လမ်းသွားလမ်းလာသူများအားရိုက်နှက်ဖမ်းဆီးမူများ လုပ်ဆောင်နေကြောင်း ဒေသခံများကပြောသည်။

Show More

Related Articles

Back to top button