သတင်း

အင်းတော်မှ ရွာသားနှစ်ဦး သတ်ဖြတ်ခံရပြီး PDF တပ်သား ၂ဦးကျဆုံး

အင်းတော်မြို့နယ်တွင် အသက် ၃၀ ကျော်အရွယ် ရွာသား နှစ်ဦးကို စစ်ကောင်စစ်သားများက အကြောင်းမဲ့သတ်ဖြတ်ခဲ့ပြီး အင်းတော် PDFမှရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့ရကြောင်းသိရသည်။

စစ်အင်အား ၁၇၅ ဦး ပါ စစ်ကြောင်း နှင့် ၆၈ ဦးပါသော စစ်ကောင်စီ စစ်ကြောင်းနှစ်ကြောင်းသည် အင်းတော်ဒေသသို့ ဝင်ရောက်လာပြီး စက်တင်ဘာလ ၂၉ ရက်နေ့ အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့ကြသည်။

မနေ့က ၄ နာရီလောက်မှာအင်းတော်နဲ့မဲဇာကြားမှာစစ်ကြောင်းထိုးလာတဲ့ အင်းအား ၆၈ ယောက်ပါ စစ်ကောင်စီတပ် နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်တယ်။ ဖြစ်တော့ သူတို့လူသားဒိုင်းအဖြစ်ခေါ်လာတဲ့ ဟင်းနုရွာသားကို တိုက်ပွဲဖြစ်တဲ့နေရာအနီးမှာ ပစ်သတ်သွားတယ်” ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ စက်တင်ဘာ ၂၈ ရက်နေ့တွင်လည်း အင်အား ၁၇၅ဦးပါစစ်ကြောင်းသည် အင်းတော်နယ် မံထုံတောင်ကြီးရွာနှင့် အောင်ကုန်းရွာကြား ရောက်နေစဥ် မံထုံတောင်ကြီးမှ အောင်ကုန်းဘက်သို့ ဆိုင်ကယ်စီးနင်လာသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး အကြောင်းမဲ့ရိုက်နှက်ကာ ပစ်သတ်သွားကြောင်း သိရသည်။

စစ်ကောင်စီ ပစ်ခတ်သည့်အမျိူးသားနှစ်ဦးမှာ ဟင်းနုရွာသားလူသားဒိုင်းအဖြစ်ဖမ်းခံရသည့် ဦးမောင်ဦး ၃၇နှစ်နှင့် မံထုံတောင်ကြီးရွာသားဦးသိန်းတန် ၃၉ နှစ်တို့ ဖြစ်သည်။

အလားတူ စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်ကလည်း တန်ဘိုရွာနှင့် လည်နှောင်ရွာကြားတွင် တပ်အင်အား ၁၇၅ ဦးပါ စစ်ကြောင်းနှင့် တစ်ကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အင်းတော် PDF မှ တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်း အင်းတော် PDF မှ သိရသည်။

သူတို့နှစ်ကြောင်းက စစ်ကြောင်းထိုမိုင်းထောင်ထာ သူတို့ကနည်းနည်းနောက်ကျသွားတာပေါ့။ သူတို့မိုင်းထောင်နေတဲ့ချိန် စစ်ကြောင်းကမှီလာပြီးမှ ပစ်သတ်ခံလိုက်ရတာ။ ထိတွေ့တိုက်ပွဲမှာလည်း စစ်သားတွေဘက်ကတော့ သေဆုံးမှုရှိတယ်။ အရေအတွက်တော့ မသိရသေးဘူး” ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

အင်းအား ၁၇၅ ဦး ပါစစ်ကြောင်းနှင့် အင်အား ၆၈ ဦးပါ စစ်ကြောင်းသည် ယမန်နေ့က ပူးပေါင်းသွားပြီး ညပိုင်းတွင် မန်လည်ကျေးရွာတွင်းသို့ သေနတ်ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်လာပြီး ကျေးရွာတွင် ထွက်မပြေးပဲကျန်ရှိနေသည့် မန်လည်ရွာသား စိတ်မနှံ့သည့် လူငယ်တစ်ဦး၊ သားဖွားဆရာမနှစ်ဦး၊ ဘုန်းကြီးသုံးပါးနှင့် ဦးဇင်းများကို ဖမ်းခေါ်သွားပြီး နာရီအနည်းငယ်အကြာတွင် ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

မန်လည်ရွာသားတွေက မနက်ထိတော့တိမ်းရှောင်နေကြတုန်းပဲ စစ်ကြောင်းက ၆၈ ယောက်ပါတဲ့စစ်ကြောင်းက လယ်နှောင်ရွာမှာညအိပ်တယ်။ ၁၅၇ ယောက်ပါတဲ့စစ်ကြောင်းကမနက်ထိတော့ မန်လည်မှာပဲ” ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ စစ်ကြောင်း နှစ်ကြောင်းသည် စက်တင်ဘာ ၂၄ ရက်နေ့က မိုးညှင်းနှင့် အင်းတော်မှ ဆင်းလာသည့် စစ်ကြောင်းဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်နေ့တွင် အောင်းကုန်းရွာမှလူနေအိမ်လေးလုံးကို မီးရှို့ဖျက်ဆီးပစ်ခဲ့သည်။

Show More

Related Articles

Back to top button