သတင်း

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေဆဲ

ထီးချိုင့်မြို့နယ်တွင် ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်သည် ကျေးရွာများကို မီးရှို့နေဆဲဖြစ်သည်ဟု ဒေသကာကွယ်‌ရေးတပ်များထံ မှ သိရသည်။

စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ မြောက်ဘက်နှင့် အနောက်ဘက်ခြမ်းတွင် စစ်အင်အား ၃၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်း ၄ခုခွဲကာ ကျေးရွာ‌ ၁၄ ရွာခန့်ကို ဝင်ရောက်မီးရှို့ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လောလောဆယ် စစ်ကြောင်းက အင်အား ၃၀၀ ကျော်ရှိမယ် ၄ နေရာခွဲထားတယ်၊ ၄ ရွာခွဲပြီး ဝင်တဲ့သဘောပေါ့။ ကျနော်တို့ရွာတွေလည်း ရောက်တော့မယ်၊ ဘာတိုက်ပွဲမှ မဖြစ်၊ ခုခံမှုမရှိဘဲ မီးရှို့နေတာ ဒီနေ့ဆို အောင်သာကုန်းနဲ့ ဇီးသောင်ရှို့ခံရတယ်။ မီးရှို့ခံရတာ ၁၄ ရွာရှိပြီ မနေ့ကတော့ လေသာနဲ့အင်းတိန်က မရှို့ရသေးတဲ့အိမ်တွေကို ထပ်ရှို့ခဲ့တယ်ဟု ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မီးရှို့ခံထားရသည့် ကျေးရွာများမှာ ဆူးပုတ်ချောင်၊ အင်ကြင်း၊ အင်းတိန်၊ အလယ်တော၊ လေသာ၊ ကျက်သရေချောင်း၊ ငခွတ်ချောင်၊ ပဲခင်း၊ ရွှေချောင်း၊ ဘိုတဲကုန်း၊ ဆားတွင်း၊ အောင်သာကုန်း၊ ဇီးသောင်အရှေ့ကမ်း၊ ဇီးသောင်အနောက်ကမ်း အစရှိသည့် ကျေးရွာများမှ နေအိမ် ၅၀၀ ကျော်ရှိပြီ ဖြစ်သည်။

ယခုလို စစ်ကောင်စီက ထီးချိုင့်မြို့နယ်တွင် စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့မှုကြောင့် ကျေးရွာပေါင်း ၂၅ ရွာခန့် မှ ဒေသခံပြည်သူ ၁ သောင်းခွဲခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု သူက ဆက်ပြောသည်။

ထီးချိုင့်မြို့နယ်တွင် ဒေသခံများ၏ နေအိမ် မီးရှို့နေသည့် စစ်ကောင်စီစစ်ကြောင်းသည် တပ်မ ၈၈ လက်အောက်ခံ ခမရ၄၆၁ ဖြစ်ပြီး ထီးချိုင့်မြို့နယ်သို့ ဝင်ရောက်လာသည့် နိုဝင်ဘာလ ၂၅ရက်နေ့မှ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF၊‌ ဒေသခံကာကွယ်‌‌ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်‌ကောင်စီဘက်က အကျအဆုံး များပြားခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံတစ်ဝှမ်း အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အတွင်း နေအိမ် အဆောက်အဦး ,၅၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။ ထိုအနက် စစ်ကိုင်းတိုင်းတွင် နေအိမ် ,၁၂၄ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်တီကျု(ISP) မြန်မာက ထုတ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button