သတင်း

ဖားကန့်မြို့တွင်းက ရွှေဆိုင်တစ်ခုဓားပြတိုက်ခံရ

ဖားကန့်မြို့တွင်းရှိ စင်ကြယ်ရွှေဆိုင် တစ်ဆိုင် ယနေ့ နံနက်ပိုင်းတွင် ဓားပြတိုက်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

ငှက်ပျောတောရပ်ကွက်ရှိ စင်ကြယ်ရွှေဆိုင်ကို ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် အမည်မသိ လူတစ်စုမှ သေနတ်ကိုင်ဆောင်က ဓားပြဝင်တိုက်သွားကြောင်း ဖားကန့် မှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

ဓားပြတိုက်ခံရတာဟုတ်တယ် ရွှေတွေဘယ် လောက်ပါသွားလဲဆိုတာတော့အတိအကျမသိရသေးဘူး။ သေနတ်ပြပြီးလုပ်တာ သေနတ်ဆိုတာ အခုကတော်လှန်ရေးကာလလည်းဖြစ်တော့ တချို့ကအခွင့်ကောင်းယူပြီး အတုနဲ့လည်းလုပ်ရင်လုပ်မှာပဲ။ ပြည်သူတွေကတော့ကြောက်နေရတာဟုပြောာဆိုသည်။

ဓါးပြတိုက်ခံရသည့် အဆိုပါရွှေဆိုင်အား စစ်ကောင်စီတပ်မှ လာရောက်စစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် လက်ရှိတွင်ဆိုင်ပိတ်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

ထို့အပြင် ဓါးမြလာတိုက်သည့်အချိန်တွင် ဖားကန့်မြို့တွင် မီးပျက်နေ‌တာကြောင့် CCTV မှတ်တမ်းလည်း ရိုက်ယူနိုင်ခြင်း မရှိကြောင်း သိရသည်။

ခုနလေးတင် ကြားလို့ဝင်ကြည့်မယ်လုပ်တာ ဆိုင်ပိတ်ထားတယ်သော့တွေခတ်ပြီးပိတ်ထားလိုက်ပြီး သူတို့ဓားပြတိုက်ခံရတဲ့အချိန်က မီးပြတ်နေတော့ CCTV မှတ်တမ်းလည်း မရလိုက်ဘူးတဲ့ဟု ပြောသည်။

ဖားကန့်မြို့နယ်တွင် ယခုနောက်ပိုင်း ရွှေဆိုင်၊ ဖုန်းဆိုင်များဓားပြတိုက်ခိုက်ခံမှုမကြာခဏ ဖြစ်ပွားလျက်ရှိပြီး လွန်ခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ ည၄ နာရီအချိန်တွင် လုံးခင်းကျေးရွာရှိ ဝေဖြိုးအောင်ရွှေဆိုင်ဓားပြတိုက်ခံရမှု၊ ဒီဇင်ဘာ ၂ ရက်နေ့တွင် လုံးခင်းရှိ JM ဖုန်းဆိုင်သေနတ်ထောက် ဓားပြတိုက်ခံရမှုတို့ဖြစ်ပွားခဲ့သည့်အပြင် အခြားဖြစ်စဥ်များလည်း အမြောက်အများရှိခဲ့သည်။

Show More

Related Articles

Back to top button