,

Breaking News :

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား

ကသာမြို့နယ်၊ မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးလိုက်သည်ဆိုသော သတင်းအမှား

ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

မဇွပ်ယန်ကျေးရွာ အတွင်းရေးမှူး ဖမ်းဆီးခံရ

စစ်တပ်် ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်

အင်းတော်တွင် PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ တစ်ပတ်အတွင်းပြည်သူ ၃ ဦးဖမ်းဆီးခံထားရ

ဖမ်းဆီးခံရသည့် ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ပေါ် မိုင်းတင်ဆင်ပေးပြီး စစ်ကြောင်းထဲ ခေါ်ဆောင်

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ လဝကရုံးဖောက်ခွဲခံရမူ တစ်လအတွင်း ၅ ကြိမ်ထိရှိလာ

ဒလန် တစ်ဦးဖမ်းဆီးခံရမှုကြောင့်  စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂ ဦးဖမ်းဆီး

မှော်ဆီစာ ရဲကင်းတိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီတပ်ဘက်မှ လက်ရှိချိန်ထိ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ

ဖားကန့် ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ဝန်ထမ်း ၄၀ ကျော် ဖမ်းဆီးခံထားရ

ဖားကန့် ကျောက်စိမ်းလုပ်ကွက်တစ်နေရာမြင်ကွင်း

ဖားကန့် ကျောက်စိမ်းလုပ်ကွက်တစ်နေရာမြင်ကွင်း

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာ ကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုအတွင်း ဝန်ထမ်း ၄၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့က ‘ဆင်စိန်’ ကျောက်စိမ်းလုပ်ကွက်သို့ စစ်ကောင်စီတပ် အင်အား ၅၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပြီး ဝန်ထမ်းများကို ယနေ့အထိ ဖမ်းဆီးထားဆဲဖြစ်သည်ဟု ဖားကန့်မြို့ အမျိုးသားတစ်ဦးက ပြောသည်။

မှော်စီဆာအပိုင်းထဲက ဆင်စိန် ကုမ္ပဏီကို ဝင်စီးထားတယ်။ အဲ့မှာ ကုမ္ပဏီထဲက ကိုယ်စားလှယ်တစ်ချို့နှင့် စားဖိုမတွေကော ကျောက်ရှာတဲ့ လူတွေကော အဲ့မှာ ဖမ်းဆီးထိန်းသိမ်းထားတုန်းဗျ ခုချိန်ထိ သူတို့ဘာကိုစစ်ဆေးနေတာလဲတော့မသိဘူး။ ခုထိ မထွက်သေးဘူး အခုနဲ့ဆို သုံးရက်ရှိပြီဟု ဖားကန့်မြို့မှ အမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသူများတွင် အမျိုသား၊ အမျိုးသမီး စုစုပေါင်း ၄၅ ဦးရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရပြီး KNG အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

သူတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေလို့လည်းဖြစ်နိုင်တယ် တခြားကတော့ သေချာမသိရဘူးဟု ဒေသခံတစ်ဦးက သုံးသပ် ပြောဆိုသည်။

စီးနင်းခံထားရသည့် ဆင်စိန် ကုမ္ပဏီသည် လတ်တလော ကျောက်စိမ်းတူးဖော်နေဆဲ လုပ်ကွက်တစ်ခုဖြစ်သည်ဟုလည်း သိရသည်။

စစ်ကောင်စီ စစ်သားများသည် ယခုနောက်ပိုင်း ဖားကန့်မြို့နယ်အတွင်း ၎င်းတို့ မင်္သကာသည့် ကျောက်စိမ်းကုမ္ပလုပ်ကွက်များအတွင်းသို့ ဝင်ရောက်စီးနင်းခြင်း၊ လုပ်ကွက်များအတွင်းတပ်စွဲခြင်း တို့ကို ပိုမိုပြုလုပ်လာနေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်း ကရင်ချောင်ကျေးရွာဘက်ရှိ ကျောက်စိမ်းလုပ်ကွက်များတွင် ဝင်ရောက်စီးနင်ကာ  အလုပ်သမား ၃၀ ဦးကို ဖမ်းဆီးသွားသည်။

Read Previous

ရေဦးတွင် ကျေးရွာ ၁၉ရွာ မီးရှို့ဖျက်ဆီးခံရသဖြင့် မီးဘေးသင့်ပြည်သူ ၆ ထောင်ကျော်အတွက် အကူအညီလိုအပ်နေ

Read Next

ကန့်ဘလူနယ်တွင် ၆ တန်းကျောင်းသားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်