သတင်း

ဖားကန့်တွင် လူမဲ့သပိတ်ပြုလုပ်မှုအပြီး စစ်ကောင်စီက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု Maden Yang ကျေးရွာဘက်တွင် လုံးခင်းသပိတ်ကော်မတီမှ ဦးဆောင်၍ လူမဲ့သပိတ်ပြုလုပ်ခဲ့ရာ သပိတ်အပြီး စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နံနက် ၁ နာရီအချိန်တွင် လုံးခင်းသပိတ်ကော်မတီ ဦးဆောင်၍ လုံးခင်း-ဖားကန့်ပြည် ထောင်လမ်းမကြီးကိုပေါ်တွင် ပေ ၂၀ ကျော်ရှည်လျားသည့် ‘၂၀၂၃ အပြတ်ချေမှုန်း ဘုံရန်သူ အာဏာရှင် စနစ်မြေလှန်ပစ်ကြ ကျွန်လိုဘဝကလွတ်မြောက်ဖို့ နောက်ဆုံးအခွင့် အရေးမို့ ရုန်းကြစို့’ စာတမ်းကိုချိတ်ဆွဲခဲ့ရာ နောက်နာရီပိုင်းအကြာတွင်စစ်ကောင်စီက လက်နက်ကြီးများ ရမ်းပစ်ခတ်ခဲ့ကြောင်း လုံးခင်း သပိတ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက KNG သတင်းကို ပြောသည်။

”ကျွန်တော်တို့က မနက်အစောကြီးသွားချိတ်လိုက်တာ သွားချိတ်ထားတဲ့အဲ့ဗီနိုင်းစာသားကို စစ်သားတွေက ညပိုင်းမှာလာဖြုတ်သိမ်းသွားတာ ဖြုတ်သိမ်းသွားပြီနောက်မကြာဘူး ကျွန် တော်တို့ဘက်ကိုလက်နက်ကြီးလေးလုံးပစ်တယ် ထိခိုက်တာတော့လူထိခိုက်တာတော့ မရှိဘူးဗျ”ဟု သပိတ်ကော်မတီမှ တာဝန်ရှိသူအမျိုသားတစ်ဦးက ပြောသည်။

လက်နက်ကြီးမှာ ည ၇ နာရီခွဲအချိန်တွင် ပစ်ခတ်ခဲ့ပြီး လေးလုံးအနက် နှစ်လုံးမှာ မှော်ဘုံ ကျေးရွာအစွန်တွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ကျန်နှစ်လုံးမှာ မှော်ဘုံကျေးရွာနဲ့ ဆန်ခါ ကျေးရွာကြားတွင် ကျရောက်ပေါက်ကွဲပြီး လူနဲ့အခြား ထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။

အလားတူ ဒီဇင်ဘာ ၃၀ ရက်နေ့ကလည်း မဇွပ်ယန်ထောင်မှ ဆန်ခါကျေးရွာဘက် သို့လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ဆန်ခါ ဘုရားကျောင်းဝင်း အတွင်း ၂လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူခြောက်ဦး ထိခိုက်ခဲ့ရာ ယင်း ၆ ဦးအနက် ဖားကန့် ဆေးရုံတင်ထားသည့် ပြည်သူတစ်ဦး သွေးလွန်၍ ဒီဇင်ဘာလ ၃၀ ရက်နေ့ညတွင် သေဆုံးသွားကြောင်း သိရသည်။

ဖားကန့်မြို့နယ်ကို စစ်ကောင်စီက ၂၀၂၁ သြဂုတ်လကတည်းက ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ထားသော်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများမှာ ယနေ့ထိ ဆက်ရှိနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button