သတင်း

ဖားကန့်တွင် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဆုတောင်းခြင်းနှင့် အလံလွှင့်ထူ

ဇန်နဝါရီလ ၁၀ ရက် ယနေ့ ကျရောက်သည့် (၇၅)နှစ်မြှောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ကို ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(Myusha Zinlum Hpung) မှ ဉီးဆောင်ကာ ဖားကန့်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း (Myusha Zinlum Hpung) မှ သိရသည်။

အစီအစဉ် အခမ်းအနားကို ဖားကန့်မြို့ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ရုံးချုပ်တွင် ဆုတောင်းခြင်းနှင့် ယနေ့နံနက်အစောပိုင်းက ဖားကန့်ဒေသရှိ ကချင်ပြည်သူများအားလုံး ကချင်အမျိုးသားအလံကို လွှင့်ထူခဲ့ကြသည်ဟုတာဝန်ရှိသူ ဦးဒရှီနော်လောန်(Dashi Naw Lawn)မှ KNG ကိုပြောခဲ့သည်။

ကျွန်တော်တို့ ကချင်လူမျိုးအိမ်တိုင်းမှာတော့ လွှင့်ထူထားကြပြီဖြစ်တယ်၊ ရုံးချုပ်မှာလည်းလုပ်ထားပြီ ယနေ့မနက်၁၀နာရီ ရုံးမှာ ဆုတောင်းခဲ့တယ် ဟုကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(Myusha Zinlum Hpung) တာဝန်ရှိသူကပြောသည်။

ကချင်အမျိုးသားအလံကို ဆိုင်းတောင်၊ ဖားကန့်၊ လုံးခင်းရပ်ကွက်ရ်ှိ ကချင်လူမျိုးနေရာများတွင် အဓိက လွှင့်ထူခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ဖားကန့်မြို့တွင်းရှိ အကျဉ်းထောင်နှင့်ဆေးရုံအတွက် အစားအသောက်များကိုလည်း ပြင်ဆင်ပေးခဲ့ကြောင်းလည်း ဦးဒရှီနော်လောန်က ခုလိုပြောသည်။

အကျဉ်းထောင်အတွက်က ကျွန်တော်တို့ သွားပေးလို့မရဘူး၊ ချက်ပေးလို့မရဘူးတဲ့ အဲ့တာကြောင့် ဆန်တစ်အိတ်နဲ့ ပိုက်ဆံသုံးသိန်း ပို့ထားပေးတယ် ပြီးတော့ ဆေးရုံအတွက်က ဒံပေါက်ဘူးတစ်ရာပေးဖို့ လုပ်ထားတယ်လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(Myusha Zinlum Hpung) တာဝန်ရှိသူကပြောသည်။

ကချင်ပြည်နယ်နေ့အထိမ်းအမှတ်ကို ပြီးခဲ့သည့် ၂၀၂၀ခုနှစ်  ၇၂ ကြိမ်မြှောက်၌  ကျင်းပပြုလုပ်နိုင်ခဲ့သော်လည်း ၂၀၂၁ခုနှစ် ၇၃ ကြိမ်မြှောက်နှင့်၂၀၂၂ခုနှစ် ၇၄ ကြိမ်မြှောက်ကိုမူ ကိုဗစ်ရောဂါ၊ နိုင်ငံရေးအခြေအနေတို့ကြောင့် ရပ်နားခဲ့ရသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၃ ယခုနှစ်တွင် ကျရောက်သည့် ၇၅ ကြိမ်မြောက်အထိမ်းအမှတ်ကို စစ်ကောင်စီတပ်က ဦးဆောင်ကာ ကျင်းပပြုလုပ်ခဲ့သည်။

Show More

Related Articles

Back to top button