သတင်း

မဇွပ်ယန်ကျေးရွာ အတွင်းရေးမှူး ဖမ်းဆီးခံရ

ဖားကန့်မြို့နယ် မဇွပ်ယန် ကျေးရွာအတွင်းရေးမှူး ဦးအောင်ဝင်းကို အမည်မသိ လူငါးဦးက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ နေအိမ်၌ ရှိနေစဥ် အမည်မသိ လူ  ဦးဝင်လာ၍ သေနတ်ထောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။

မနေ့က တစ်နာရီလောက်မှာ ဖမ်းခေါ်သွားတာ သေနတ်အတိုထောက်ပြီး ဖမ်းသွားတယ်။ သူက အခု အတွင်းရေးမှူး လုပ်နေတုန်းဗျ ဘယ်သူဘယ်ဘယ်ဝါဖမ်းသွားတာလဲဆိုတာအတိအကျတော့မသိသေးဘူး စစ်ကောင် စီက ဖမ်းသွားတာဖြစ်ဖို့များတယ်ဟုဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် ဦးဝင်းကိုသည် အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေသည်မှာ အာဏာမသိမ်းမှီကတည်းကဟု သိရပြီး ရပ်ရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း ပါဝင်လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

ဦးဝင်းကို ကိုမည်သူမည်ဝါမည်သည့်အဖွဲ့ကဖမ်းသွား သည်ကို KNG သတင်းဌာနက စုံစမ်းနေဆဲ ဖြစ်သည်။

ဖားကန့်မြို့နယ်တွင် ယခုကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးမှူး အတွင်းရေးမှူးများ ဖမ်းဆီးခံရမှု မကြာခနရှိနေသည့်အပြင် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီး၊ ဒလံ သတ်ခံရမှူမှာလည်း ၂၀ ဦး ကျော်လာပြီဖြစ်သည်။

Show More

Related Articles

Back to top button