မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရေးဇတ်လမ်းတို ပြိုင်ပွဲအတွက် ဖိတ်ခေါ်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သော ပညာပေးဇတ်လမ်းတို ပြိုင်ပွဲအစီအစဉ် ပြန်လည်ပြုလုပ်မယ်လို့ World Kachin Congress (WKC) က မတ်လ ၂၄ ရက်နေ့မှာ ကြေညာထားပါတယ်။

‘Asak Lamu Ga’ (ကမ္ဘာမြေ အသက်) ဆိုတဲ့ ခေါင်းစဉ်နဲ့ ပညာပေးဇတ်လမ်းတို ပြိုင်ပွဲကို ဇွန်လ ၅ ရက်နေ့ ကျရောက်မယ့် ‘World Environment Day’ မှာ ဆုရရှိသူတွေကို ထုတ်ပြန်သွားမှာဖြစ်တယ်လို့ WKC လူငယ်တာဝန်ခံ ကိုထွယ့်လာ က ပြောပါတယ်။

“ခါတိုင်း မိုးမရွာတဲ့အချိန် မိုးတွေရွာတယ်၊ မပြိုသင့်တဲ့ တောင်တွေ၊ မြေတွေ ပြိုလာတယ်။ ဒီလို သဘာ၀ဘေးဒဏ်အမျိုးမျိုး ကြုံတွေ့ ခံစားနေကြရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သဘာ၀ ပတ်ဝန်းကျင်နဲ့ ကမ္ဘာမြေကြီးကို ဒီထက်ပိုပြီး ရှင်သန်တည်မြဲ လှပနေဖို့ဘယ်လို တာဝန်ယူ ဖြေရှင်းပြီး ဘယ်လိုအသုံးချရမလဲဆိုတဲ့ဘက်ကို ပြန်ပြီး အမြင်ဖွင့်ပေးတဲ့သဘော၊ အသိပညာတွေကို ဝေမျှပေးချင်တယ်၊ ရောက်ရှိစေချင်တဲ့အတွက် ဒီ ပညာပေးဗီဒီယိုပြိုင်ပွဲကို လုပ်ဆောင်ရခြင်းဖြစ်ပါတယ်”

ယခုဇတ်လမ်းတို ပြိုင်ပွဲမှာ နိုင်ငံအသီးသီးမှ အသက်အပိုင်းအခြားမရှိဘဲ စိတ်ဝင်စားတဲ့ ကချင်ပြည်သူတွေအကုန်လုံး ပါဝင်နိုင်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့နှစ်မှစပြီး ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပညာပေးဇတ်လမ်းတို ပြိုင်ပွဲအတွက် ယခုနှစ်လည်း ပထမဆုအတွက် အမေရိကန် ဒေါ်လာ (၁၀၀၀)၊ ဒုတိယဆုအတွက် ဒေါ်လာ (၈၀၀) နဲ့ တတိယဆုအတွက် ဒေါ်လာ (၆၀၀) ချီးမြင့်သွားဖို့ ရှိတယ်လို့ သိရတယ်။

Related Articles

Back to top button