သတင်း

ရွှေကူမြို့ပေါ် အရပ်သားနေအိမ်များတွင် စစ်ကောင်စီတပ် နေရာယူပြီး အရပ်သားများကို ပစ်ခတ်မှုပြုလုပ်နေ

ဗန်းမော်ခရိုင် ရွှေကူမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများနှင့် အရပ်သားပြည် နေအိမ်အချို့တွင် စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် တပ်စွဲထားပြီး လမ်းသွား လမ်းလာပြည်သူများကို ရမ်းသမ်းပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ဗန်းမော်မြို့တွင်း နှင့် ရွှေကူမြို့တွင်းရှိ စစ်ကောင်စီ ပူးပေါင်းစစ်အင်အား ၁၀၀ ကျော်သည် လက်ရှိ ရွှေကူမြို့ပေါ်ရှိ မြဝတီဘုန်းကြီးကျောင်း၊ ဝါဆိုဘုန်း ကြီးကျောင်းတို့တွင် တပ်စွဲထားပြီး ဘုန်းကြီးကျောင်းဝင်းအတွင်းနှင့် အရပ်သားပြည်သူအချို့ နေအိမ်ခေါင်မိုးတွင် လက်နက်ကြီးများထိုင်ထားကြောင်း ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

သူတို့က မြို့ထဲဘုန်းကြီးကျောင်းတွေမှာတပ်စွဲထား တာ။ မြို့ထဲတွေမှာကိုတော်တော်များနေပြီ ဝါဆိုဘုန်း ကြီးကျောင်းထဲမှာတော့ အမြှောက်တွေထိုင်ထားတယ် ။ ပြီးတော့ ကျွန်မတို့ရပ်ကွက်ထဲက အိမ်တစ်အိမ်ပေါ့ ပေါ့သူ့ အိမ်က ၂ထပ်ရှိတာ မပေါ်ထပ်မှာထိုင်ထားတ ယ်တဲ့ လက်နက်ကြီးဟုအထက်ပါအမျိုးသမီးက ပြောသည်။

စစ်ကောင်စီတပ်များသည် ယမန်နေ့ညပိုင်းက ရွှေကူအမှတ် ၁ ရပ်ကွက်နှင့် အမှတ် ၂ ရပ်ကွက်ရှိ ပြည်သူများ၏ နေအိမ်အတွင်း ဝင်ရောက်ကာ နေအိမ်ရှိ လက်ကိုင်ဖုန်းများကို စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။

အဆိုပါစစ်သားများသည် အရက်၊ ဘီယာများကို သောက်စားကာ လမ်းသွားလမ်းလာ ပြည်သူများကို ရမ်းသမ်း ပစ်ခတ်မှုလည်း ပြုလုပ်ခဲ့ကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

မနေ့ညနေကလည်း ဘီယာဆိုင်တွေဘာတွေမေးတာ မသိဘူးလို့ပြောတော့ သူများကိုဝယ်ခိုင်းတယ်တဲ့။ အဲ့တာ သောက်ပြီးတော့ ကလေး သုံးယောက်က ဆိုင်ကယ်စီးလာတာကိုရပ်ခိုင်းတာမရပ်ရကောင်းလား ဆိုပြီးတော့အနောက်ကနေ ရမ်းပစ်တယ်တဲ့ဟု ပြောသည်။

လက်ရှိစစ်ရေးတင်းမာနေသည့် ရွှေကူမြို့နယ်ကို လွန် ခဲ့သည့် ၃ရက်ခန့်ကတည်းက ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်း ရွှေကူ PDF တာဝန်ရှိ သူတစ်ဦးက ပြောသည်။

စစ်ကောင်စီက ရွှေကူကိုညမထွက်ရအမိန့်ထုတ်ပြန် ထားတာရှိတယ် ည ၆ နာရီကနေ မနက် ၄နာရီအထိ တဲ့။ ဘယ်ချိန်ထိဆိုတာတော့ မသိရသေးဘူးဟုပြောသည်။

လက်ရှိ ရွှေကူမြို့ပေါ်သို့ ဝင်ရောက်တပ်စွဲနေသည့် စစ်သားများသည် မတ်လ ၂၃ ရက်နေ့က ရွှေကူ အရှေ့တောင်ဘက်ခြမ်းရှိ မံဝိန်း၊ ဝင်ဝ၊ စီမူလေး ၊စီမူကြီး၊ နောင်လတ်ကြီးစသည့်ကျေးရွာများဘက်တွင် သွားရောက်စစ်ကြောင်းထိုးခဲ့ပြီး ဧပြီ ၁၁ ရက်နေ့တွင် ရွှေကူမြို့ပေါ်သို့အချို့ပြန်ရောက်လာခြင်းဖြစ်သည်။

ရွှေကူမြို့အရှေ့တောင်ဘက်တွင် မတ်လ ၂၃ စစ်ကောင်စီ စစ်ကြောင်းထိုးသည်နေ့မှစ၍ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာခဲ့သောကြောင့် စစ်ကောင်စီတပ်သည် ကျေးရွာများကိုမြေ ပြင်တွင်မီးရှို့ခြင်း လေယာဥ်ဖြင့် ၁၀ ကြိမ်ထက်မနည်း ဗုံးကျဲခြင်းတို့ကြောင့် ကျေးရွာ ၁၀ ရွာခန့် ပျက်စီးသွားသည်။

Show More

Related Articles

Back to top button