သတင်း

ဖားကန့်တွင် ရိုက်နှက်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိ

ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာအနီး ဥရုချောင်းကမ်းဘေးတစ်နေရာတွင် ရိုက်နှက်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတစ်လောင်း မျောလာကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ရုပ်အလောင်းအား ဧပြီ ၁၆ ရက်နေ့ ည ၉ နာရီအချိန်တွင် ဆန်းကြွယ်နဲ့ ယူမာသွားသည့် တံတားအနီး ဥရုချောင်းဘေးတွင် ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆန်းကြွယ်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

ဟုတ်တယ် အလောင်းကတော့ ကြာနေပြီ ၂ ပတ်လောက်ရှိနေပြီ။ ပုပ်ပွနေတာ ဘယ်သူဘယ်ဝါ မှန်းကိုခန့်မှန်းလို့ မရတော့ဘူး ။ အမျိုးသားဆိုတာပဲသိရတယ်။ သူ့မှာ သေနတ်ဒဏ်ရာတွေတော့မရှိဘူး ရိုက်ထားတဲ့ ဒဏ်ရာတွေတော့ရှိတယ်ဟုပြောသည်။

အဆိုပါ ရုပ်အလောင်း၏ နောက်ကြောဘက်နှင့် ရင်ဘတ်တွင် ရိုက်နက်ထားသည့် ဒဏ်ရာများတွေ့ရှိရပြီး သေဆုံးသွားသူသည် မည်သူမည်ဝါ ခန့်မှန်း၍ မရတော့သည့်အတွက် ပိုင်ရှင်မဲ့အလောင်းအဖြစ် နီးစပ်ရာဒေသခံများက ဝိုင်းဝန်း ဆယ်ယူကာ သဂြိုလ်ပေးလိုက်ကြောင်းလည်း သိရသည်။

ဖားကန့် ဆိုင်းတောင်ကျေးရွာရှိ ကျောက်သွေးတောင်သွားသည့်လမ်းအနီးတွင် ဧပြီ ၁၂ ရက်နေ့ကလည်း ဓားထိုးသတ်ခံရသည့် အမျိုးသားတစ်ဦး နဲ့အမျိုးသမီးတစ်ဦး ရုပ်အလောင်းကို ဒေသခံများတွေ့ရှိခဲ့သည်။

ဖားကန့်မြို့နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအသီးသီးမှ လာရောက်လုပ်ကိုင်စားသောက်သည့် ပြည်သူများ ယခင်ထက်ပိုမိုများလသည့်အပြင် အာဏာသိမ်းပြီးနောက် ခိုးဆိုးလုယက်မှု၊ လူသေမှု၊ လူသတ်မှု၊ ဖမ်းဆီးခံရမှု အများဆုံးဖြစ်ပွားသည့်နေရာဖြစ်သည်။ 

Show More

Related Articles

Back to top button