သတင်း

ဟိုပင်မြို့ စည်ပင်သာယာရေးရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုရှိ

မိုးညှင်းမြို့နယ် ဟိုပင်မြို့စည် ပင်သာယာရေးရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် ရုံးအနည်းငယ် ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

ဧပြီလ ၁၉ ရက်နေ့ ယမန်နေ့ မနက် ၁၀ နာရီ အချိန်တွင် အမည်မသိ လူငယ်နှစ်ဦးက ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စည်ပင်ရုံးအနီးတွင်နေသည့် အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

သူများတွေလိုင်းပေါ်မှာပြောနေကြတာက ဒရုန်းနဲ့လာပစ်တာဆိုပြီးပြောနေတာ။ တကယ်မဟုတ်ဘူးဗျ လူငယ်နှစ်ယောက်က ဆိုင်ကယ်နဲ့လာပြီးပစ်သွားတာ ပစ်ပြီးမောင်းပြေးသွားတာဗျ”ဟု ပြောသည်။

အဆိုပါလူငယ်နှစ်ဦးသည် မည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်းသူက ဆိုသည်။

သို့သော်လည်း စစ်ကောင်စီဝါဒဖြန့် သတင်းမီဒီယာများတွင် ဟိုပင်မြို့ စည်ပင်သာယာရေးရုံးအား PDF အဖွဲ့မှ ဒရုန်းဖြင့် လာရောက်ပစ်ခတ်သွားကြောင်းရေးသားထားသည်။

ရုံးတက်တဲ့ချိန် ပစ်ခတ်ခံရတာဆိုတော့ လူထိခိုက်တာရှိတယ်လို့တော့ သိရတယ်။ ဒါပေမယ့် စကစအဖွဲ့တွေက အပြင်သတင်းထွက်မှာစိုးလို့ တမင်ဖုံးထားတယ်လို့ မြင်တယ်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါ ရုံးဗုံးခွဲခံရမှုကြောင့် ရုံး၏ အမိုးပိုင်း ထိခိုက်ပျက်စီးသွားပြီး အတွင်းနံရံနှင့် လူထိခိုက်ဒဏ်ရာရသွားကြောင်း‌ ဒေသခံများပြောဆိုနေသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။

ဟိုပင်မြို့တွင် စစ်အာဏာသိမ်းသည့်နောက်ပိုင်း စစ်ကောင်စီ၏ EPC ရုံနဲ့ယခုစသည်ပင်ရုံးတိုက်ခိုက်ခံခဲ့ရသည့်အပြင် လက်ဖက်ရည်ဆိုင်အတွင်းထိပါပစ်ခတ်ခံရမှုရှိခဲ့ပြီး လက်ဖက်ရည်ဆိုင်တွင်းပစ်ခတ်ခဲ့မှုတွင် လူထိခိုက်သေဆုံးမှုအထိရှိခဲ့သည်။

Show More

Related Articles

Back to top button