တိုက်ပွဲသတင်း

ဆွမ်ပီယန်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာပြင်းထန်

ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာဘက် နယ်မြေရှင်းလင်းရေးလုပ်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံး ၊ ၄ ဦးဒဏ်ရာပြင်းထန်ပြီး KPDF မှ တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိကြောင်း KPDF နဲ့ နီးစပ်သူများမှ သိရသည်။

မေလ ၁၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ဆွမ်ပီယန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်နဲ့KIA,PDF ပူးပေါင်းတပ်တို့ ဝဒတ်ကျေးရွာနှစ်ဖက်ထိတွေ့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း  KPDF နဲ့ နီးစပ်တစ်ဦးကပြောသည်။

သူတို့ ရှေ့ပြေးနယ်မြေရှင်းလင်းရေး လုပ်ဖို့တက်လာတာ အဲမှာ ဒီဘက်က ကြားဖြတ်ဝင်တိုက်တာ လက်နက်ကြီးနဲ့ ၂ကြိမ်ပစ်တယ်။ လက်နက်ငယ်နဲ့လည်း အပြန်အလှန်ပစ်တာ ၂ နာရီကြာတယ်ဟုပြောသည်။

အဆိုပါ အပြန်အလှန်ပစ်ခတ်မှု ၂ နာရီထိ ပြင်းထန်မှုရှိခဲ့ပြီး စစ်တပ်ဘက်မှ အထိနာခဲ့သည့်အတွက် တပ်ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ဆွမ်ပီယန်ကျေးရွာအနီးရှိ ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ် စုပေါင်းနေထိုင်လေ့ရှိသော စခန်းတစ်ခုကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီလ ၃ ရက်နေ့ စစ်ကောင်စီတပ်သည် စစ်ရဟတ်ယဉ် ၃ စီးဖြင့် ဆွမ်ပီယန်အနီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ၅ ဦးထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ပြီး ပြည်သူ တစ်သောင်းဝန်းကျင် ယာယီထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အလားတူ ၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့တွင် KIA,PDF ပူးပေါင်းတပ်တို့ သိမ်းထားသည့် စစ်ကောင်စီစခန်းအား  စစ်တပ်မှတစ်ဖန်ပြန်လည်တိုက်ခိုက်လာသောကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲပြင်းထန်ခဲ့ကာ  စစ်တပ်၏ တပ်စခန်းမီးရှို့ဖျက်ဆီးခံခဲ့ရသည်။

စစ်တပ်မှအာဏာသိမ်းပြီးနောက် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာတွင် စစ်တပ်မှ  KIA,PDF ပူးပေါင်းတပ်တို့ ကြား မကြာခနတိုက်ပွဲဖြစ်ပွားလျှက်ရှိသည့် နယ်မြေဖြစ်သည်။

Show More

Related Articles

Back to top button