သတင်း

ဖားကန့်တွင် အမျိုးသားတစ်ဦးသေနတ်ပစ်ခံရပြီး ခြေနေစိုးရိမ်ရ

ဖားကန်မြို့ မှော်ဝမ်းရပ်ကွက်တွင် ယနေ့ နံနက်ပိုင်း ၂ နာရီဝန်းကျင် အမျိုးသားတစ်ဦးသေနတ်ပစ်ခတ်ခံရပြီး အခြေနေစိုးရိမ်ရ​​ကြောင်း ဒေသခံများထံမှ သိရသည်။

မော်ဝှမ်းရှိ ဒို့ညီနောင် ကွမ်းယာဆိုင်ရှေ့တွင် အမျိုးသားတစ်ဦးကို အမည်မသိအမျိုးသားတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း ဖားကန့်မြို့အမျိုးသား တစ်ဦးက KNG ကိုပြောသည်။

ဟုတ်တယ် ကွမ်းယာဆိုင်ရှေ့မှာပစ်ခံရတာ သူက ကွမ်းယာဝယ်ပြီးအထွက်မှာ ဘယ်သူ ပစ်သွားမှန်မသိလိုက်ရဘူး။ ဒဏ်ရာနဲ့နာရေးကူညီမှုအသင်းတွေလာကောက်သွားတယ်။ ဆေးရုံပို့ထားတယ်ဟု မျက်မြင်တွေ့ခဲ့သည့်အမျိုးသားတစ်ဦးကပြောသည်။

ပစ်ခံရသည့် အမျိုးသားသည် အသက် ၄၀ ဝန်းကျင်ရှိ ဇော်လွင်ထူး ဆိုသူဖြစ်ပြီး သူ၏ လည်ပင်းပေါ်တွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိထားသောကြောင့် လက်ရှိ ဖားကန့်ဆေးရုံကြီးတွင် ဆေးကုရန်ပို့ဆောင်ထားကြောင်း သိရသည်။

ထို့အပြင် အဆိုပါအမျိုးသားသည် မှော်ဝမ်းရပ်ကွက်တွင်နေထိုင်သူဖြစ်ကာ ကြုံရာကျပန်းလုပ်အလုပ်လုပ်သည့် သာမန်ပြည်သူတစ်ဦးသာဖြစ်ကြောင်း မှော်ဝမ်းဒေသခံတစ်ဦးကပြောသည်။

ခုဖားကန့်မှာက နေ့တိုင်းဆိုသလို သတ်ဖြတ်ခံရတာ ပစ်ခံရတာ ပုံမှန်လိုဖြစ်နေပြီ။ ကျနော်တို့ပြည်သူတွေလည်း သွားရလာရတာ လုံခြုံမှုကို မရှိတော့ဘူးဟု  ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်အတွင်းတွင် စစ်ကောင်စီသတင်းပေးများ၊ ဒလံများ၊ စစ်ကောင်စီလက်အောက်ခံရဲနှင့်စစ်သားများ ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF တို့နှင့် ပတ်သတ်ဆက်နွယ်သူများသတ်ဖြတ်ခံရမှုမကြာခဏဖြစ်ပွားနေသည့်အပြင် ယခုနောက်ပိုင်း လုယက်သတ်ဖြတ်ခံရမှုများလည်း ခပ်စိတ်စိတ်ဖြစ်လာသည်။

Show More

Related Articles

Back to top button