သတင်း

ဖားကန့်တွင် မိုးကြိုးပစ်ခံရ၍ အမျိုးသားနှစ်ဦး သေဆုံး

ဖားကန့်မြို့နယ် လုံးခင်းနှင့် ဖားပြင်ကျေးရွာ ၂ နေရာတွင် ယနေ့နံနက်ပိုင်း လေပြင်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူနေအိမ်တစ်ချို့ပျက်စီးမှုရှိခဲ့ကာ မိုးကြိုးပစ်ခံရသည့် အမျိုးသားနှစ်ဦးလည်း သေဆုံးသွားကြောင်း ဒေသခံများမှ သိရသည်။

မေလ ၂၄ ရက် ယနေ့နံနက်ပိုင်း ၁၀ နာရီခွဲ အချိန် လေပြင်းမုန်တိုင်းကြောင့် လုံးခင်းကျေးရွာဂေါက်ကွင်းအနီးရှိ တောက်ပကြယ်ကုမ္မဏီနှင့် မမုံကျေးရွာ ကုမ္မဏီဝင်းတစ်ခုတွင် မိုးကြိုးပစ်ခံရမှုကြောင့် အမျိုးသားနှစ်ဦး ပွဲချင်းပြီး အသက်သေဆုံးမှုရှိခဲ့သည်ဟု ဖားကန့်ဒေသခံတစ်ဦးကပြောသည်။

ဂေါက်ကွင်းဘက် နေအိမ်တချို့တော့အမိုးတွေ ဘာတွေလှန်သွားတယ်။ တချို့အပြင်မှာထားတဲ့သောက်ရေပုံးတွေတောင်လွင့်တယ်။ မိုးကြိုးက ၁၀ ချက်လောက်ပစ်သွားတာ အလောင်းကတော့ ညိုမဲသွားတာဘဲ။ နှာခေါင်းကနေတော့ သွေးတွေထွက်တယ်ဟု ပြောသည်။

မိုးကြိုးပစ်ခံရ၍ သေဆုံသွားသည့် အမျိုးသား နှစ်ဦးသည် ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာတွင် နေထိုင်သည့် ရေမဆေးကျောက်ရှာသူ အသက် ၃၉ နှစ်အရွယ် ရခိုင်အမျိုးသားတစ်ဦးနှင့် နောက်ထပ်တစ်ဦးမှာ ဂေါက်ကွင်းရပ်ကွက်အနီးရှိ တောက်ပကြယ်ကုမ္ပဏီ၏ ကင်းစောင့် ဝန်ထမ်းဖြစ်သည့် အသက် ၄၀ ဝန်းကျင်ရှိ ဦးစိုင်းမောင်မြင့်ဆိုသူတို့ဖြစ်သည်။

မမုံကျေးရွာနားမှာရှိတဲ့ ကုမ္မဏီဝင်းထဲ ရေးမဆေး‌ရှာနေတဲ့ချိန် ပစ်ခံရတာလို့ သိရတယ်ဟု ဦးရွှေသိန်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါ သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းအား လူမှုကူညီရေးအသင်း(လုံးခင်း)မှ ကူညီ၍ နာရေးကိစ္စပြုလုပ်ရန် စီစဉ်လုပ်ဆောင်နေကြောင်း သိရသည်။

လေပြင်းမုန်တိုင်းတိုက်ခတ်မှု နံနက်ပိုင်း ၁၀ နာရီခွဲအချိန်မှ ၁၁ နာရီအထိအကြာ တိုက်ခိုက်သွားပြီး လူနေရပ်ကွက်တစ်ချို့တွင် လေတိုက်နှုန်းအားနည်းခဲ့သော်လည်း ဂေါက်ကွင်းရပ်ကွက်အတွင်းရှိသော နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားကြောင်း ဆက်သိရသည်။

ဖားကန့်တွင် လေပြင်းမုန်တိုင်း တိုက်ခတ်ခံရ၍ မိုးများရွာသွန်းခံရာတွင် လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတချို့မှာ လမ်းဘေး မီးတိုင်များပြိုလဲပျက်စီးမှုများရှိခဲ့သလို သစ်ပင်များလည်းကျိုးကျပျက်စီးမှုရှိခဲ့သည်ဟုသိရသည်။

Show More

Related Articles

Back to top button