သတင်း

မူလတန်းကျောင်းရှေ့ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းအား ပိတ်‌ပေးဖို့ တောင်းဆို

ကချင်ပြည်နယ် မိုးကောင်းမြို့ ဖိုးချစ်ကုန်းရပ်ကွက် မူလတန်းကျောင်းရှေ့တွင် ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းကို ပိတ်သိမ်းပေးဖို့ ဒေသခံများတောင်းဆိုနေကြသည်။

အလောင်းကစားဝိုင်းကို မူလတန်းကျောင်းရှေ့တွင် လာရောက်ဖွင့်လှစ်ထားသည်မှာ တစ်လခန့်ကြာမြှင့်လာပြီဖြစ်ပြီး  အဆိုပါ လောင်းကစားဝိုင်းကြောင့် ခိုးဆိုးလုယက်မူများ ဖြစ်ပွားလာမည်ကို စိုးရိမ်ရသဖြင့် ပိတ်သိမ်းပေးစေလိုကြောင်း ဒေသခံတစ်ဦးက KNGကိုပြောသည်။

လောင်းကစားဝိုင်းဆိုတော့ ရှုံးလာတာများတဲ့အခါ ခိုးမူတွေ၊ လုယက်မူတွေများလာမှာကိုစိုးရိမ်တာပေါ့။ ပိုဆိုးတာက ဖိုးချစ်ကုန်း မူလတန်းကျောင်းရှေ့မှာကိုဖွင့်ထားတာဆိုတော့ ညဆိုလည်းလူတွေအများကြီး ၅၀ လောက် ရှိတယ်။ တစ်ရက်တစ်ရက်ဝင်ထွက်သွားလာ‌နေတာဟုပြောသည်။

ယခုဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းထဲတွင် ကာစီနို၊ ငါးပစ်ဂိမ်း၊ ဖဲဝိုင်း၊ ခြောက်ကောင်ဂျင် စသည့် လောင်းကစားနည်းများစွာပါဝင်သည်ဟု သူကဆက်ဆိုသည်။

အဆို အလောင်းကစားဝိုင်းပိတ်သိမ်းပေးရန် မိုးကောင်းမြို့နယ်မြို့မရဲစခန်းကို ဒေသခံတစ်ချို့သွား‌ရောက် တိုင်ကြားမှုများရှိသော်လည်း ရဲစခန်းဘက်ကအရေးယူဆောင်ရွက်ပေးခြင်းမရှိသေးကြောင်း နောက်ထပ် မိုးကောင်းဒေသခံတစ်ဦးက ပြောသည်။

မိုးကောင်းမြို့တွင်း လောင်းကစားဝိုင်း ၃ နေရာခန့် ရှိနေပြီး လက်ရှိ ကျောင်းရှေ့တွင် ဖွင့်လှစ်ထားသည့် အလောင်းကစားဝိုင်းသည် ယခင်က ပင်းဘောရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ပြီး ယခုနောက်ပိုင်းမှ ဖိုးချစ်ကုန်းရပ်ကွက်ဘက်ကို ရွှေ့ပြောင်းလာခြင်းဖြစ်သည်ဟု သိရသည်။

ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ အလောင်းကစားဝိုင်းဖွင့်လှစ်ရန် ရဲတပ်ဖွဲ့ကို သိန်း ၅၀ အထိပေးဆောင်ရသည်ဟု ပြောဆိုနေကြသော်လည်း KNG သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မိုးကောင်းမြို့နယ်အပါအဝင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်နေရာများတွင် အလောင်းကစားဝိုင်းများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ ယခင်ထက် ပိုမိုများပြားလာသည်ကို တွေ့ရသည်ဟု ဒေသခံများပြောဆိုနေကြသည်။

Show More

Related Articles

Back to top button