သတင်း

ပူတာအို မူလာရှီးဒီချောင်းတွင် လူငယ်တစ်ဦး ရေနစ်ပြီးသေဆုံး

ဇွန်လ ၂ ရက်နေ့ ယနေ့ မွန်းလွဲ ၁နာရီအချိန်တွင် မူလာရှီးဒီချောင်းထဲသို့ သူငယ်ချင်းများနဲ့အတူ ရေဆင်းချိုးသည့် အသက် ၂၀ ကျော် လူငယ်အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ပူတာအိုဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

“အသက်က ၂၄ နှစ်တဲ့ သူ့သူငယ်ချင်းတွေနဲ့ ရေဆင်းချိုးတဲ့ တံတားအောက်မှာနစ်သွားတာ”ဟု ပြောသည်။

အဆိုပါရေနစ်သေဆုံးသွားသည့်ရုပ်အလောင်းကို မူလာရှီးဒီဒေသခံများက ဝိုင်းဝန်းသယ်ဆောင်သွားပြီး အမည်နာမကိုစုံစမ်းနေဆဲ ဖြစ်သည်။

မူလာရှီးဒီ ချောင်းထဲတွင် ရေနစ်သေဆုံးသူများ နှစ်စဥ်ရှိနေပြီး တံတားအောက်နေရာဘက်တွင် ရေနစ်သေဆုံးမှု ပိုမိုဖြစ်ပွားနေကြောင်းသိရသည်။

“ဒီမူလာရှီးဒီချောင်းမှာက နှစ်တိုင်းလိုလိုဖြစ်တယ်နော် ဧည့်သည်ရေနစ်သေတာများတယ်။ ရေနစ်သေတဲ့ထဲမှာက ဧည့်သည်တွေပဲ အဖြစ်များတယ် အခုလည်းဗမာဆိုတော့ ဧည့်သည်ပဲနေမှာ ဒေသခံကလေးတွေကမဖြစ်ဘူး အဲ့တံတားအောက်ဘက်ဆို နာမည်ကြီးပဲ ခဏခဏ နစ်လို့”ဟုအထက်တွင်ဖော်ပြခဲ့သည့် အမျိူးသမီးက ဆက်ပြောသည်။

အဆိုပါ မူလာရှီးဒီချောင်းထဲတွင် လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း လူငယ်တစ်ဦး တံတားအောက်တွင်ရေနစ်သေဆုံးမှု ဖြစ်စဉ်ရှိခဲ့သည်။

Show More

Related Articles

Back to top button